Unicode
"တောခြောက်သမားတွေ! စားလို့ရသမျှအကုန်ခြောက်စမ်း!"
ဟိန်းထွက်လာသည့်အော်သံအဆုံး တောခြောက်သမားတို့မှာခွေးကြီးတွေအားကြိုးဖြင့်ဆွဲပြေးရင်းတောခြောက်ကြရတော့သည်။
ဩဇာအပြည့်နှင့်အသံပိုင်ရှင်မှာ အင်္ဂလန်နိုင်ငံ၏ဘုရင်မင်းမြတ် ဂျွန်အက်ဒဝပ်(Jeon Edward)သာဖြစ်ပေသည်။
ငယ်ရွယ်သည့်ဘုရင်တစ်ပါးဖြစ်လင့်ကာ ယခုတွင်လည်း အမဲလိုက်ပျော်ပါးနေခြင်းဖြစ်၏။
ခွေးကြီးတွေ၏ခြောက်လန့်မှုကြောင့်သမင်ငယ်တစ်ကောင်သည် ခြုံထဲမှပြေးထွက်လာတော့၏၊ အက်ဒဝပ်လက်ထဲမှမြှားဖြင့်သမင်၏ဦးခေါင်းသို့ချိန်ပြစ်လိုက်သော်လည်း အရှိန်ဖြင့်ပြေးနေသဖြင့်သမင်ငယ်ရဲ့ခြေထောက်သို့သာထိမှန်သည် သမင်သည်လဲကျသွားသော်လည်းမသေသေးပေ။
"ကျစ်!"
စုပ်တစ်ချက်သပ်ရင်းမြင်းအညိုကြီးပေါ်မှဆင်းကာ သမင်လဲကျရာအနီးသို့လျှောက်သွားလိုက်ရင်းခါးမှာချိတ်ဆွဲထားသည့်ဓားအိတ်ထဲမှ ဓားကိုဆွဲထုတ်လိုက်ကာ ထိုးသတ်မည်အပြု
ဂျောက်!
သစ်ကိုင်းခြောက်ကိုတက်နင်းမိ၍ထွက်ပေါ်လာသောအသံဖြစ်သည် အက်ဒဝပ်လက်ထဲမှဓားကိုသမင်ထံမှအသံလာရာသစ်ပင်ကြီးဘက်ပြောင်းချိန်လိုက်ရင်းတစ်လှမ်းချင်းဆီလျှောက်သွားလိုက်သည်ဆိုလျှင်
တဂျောက်ဂျောက်ဖြင့်အသံတွေထပ်ထွက်လာခဲ့တော့သည်အက်ဒဝပ်၏နောက်လိုက်တွေမှာလည်းထိုသစ်ပင်ကြီးကိုဝိုင်းထားကြလေပြီဖြစ်သည်။
ပြေးပေါက်မရှိတော့သည့်တစ်ဖက်လူမှာ မြှားကိုသာကျစ်နေအောင်ကိုင်ဆွဲထားလျှက် အက်ဒဝပ်အားစူးရဲစွာကြည့်နေခဲ့သည်။
"ထွက်ပြေးဖို့ကြံနေတာဆိုရင် ရပ်လိုက်တော့ အသင်လွတ်လမ်းမရှိတော့ဘူးမို့!"
မဲ့ပြုံးပြုံးလိုက်ရင်း ဓားဖြင့်တစ်ဖက်လူ၏လည်ပင်းအားလှမ်းထောက်လိုက်သည်၊တစ်ဖက်လူက မျက်နှာအားပုဝါအနီဖြင့်စီးထားပြီးအပြာရောင်မျက်လုံးတွေကိုသာဖော်ပြထားသည်၊ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်ကောက်ကြောင်းနှင့်ကျောက်စိမ်းရောင်တလက်လက်တောက်ပနေသောဆံပင်လိမ်ကောက်ကောက်တို့အားကပိုကရိုချထားပုံမှာ အရိုင်းဆန်ကာလှလည်းလှပေသည်။

YOU ARE READING
𝘌𝘮𝘱𝘳𝘦𝘴𝘴 𝘖𝘧 𝘛𝘩𝘦 𝘒𝘪𝘯𝘨 𝘖𝘧 𝘌𝘯𝘨𝘭𝘢𝘯𝘥
Fiksi Penggemar"𝖸𝗈𝗎𝗋 𝖬𝖺𝗃𝖾𝗌𝗍𝗒 𝖼𝖺𝗆𝖾 𝗍𝗈 𝗆𝖾 𝗐𝗂𝗍𝗁 𝖺 𝗌𝗆𝖺𝗅𝗅 𝖻𝗋𝖾𝖾𝗓𝖾." 𝖩𝖾𝗈𝗇 𝖤𝖽𝗐𝖺𝗋𝖽 (𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄) 𝖫𝗈𝗍𝗁𝖺𝗋𝗂𝗈 𝖳𝖺𝖾 𝖳𝖺𝖾 (𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀)