Chapter 3 _ ( ညစောင့် )

63 13 0
                                    

Unicode:

ဒီလို တစ္ဆေပုံပြင်တွေကို ရက်ရက်စက်စက် မပြီးနိုင်မစီးနိုင်ပြောတဲ့ လူမျိုးက ကြုံရခဲ၏။

အစပိုင်းမှာတော့ ကစားသမားတွေက
သူ့ပုံပြင်တွေကိုနားထောင်နေကြသည်။ သို့သော် တဖြည်းဖြည်း ညနက်လာတဲ့အခါမှာတော့ သူတို့ဆက်နားထောင်ဖို့ မရဲကြတော့ပါ၊ကုမော်ရှီးကိုယ်တိုင်ကတော့ တစ္ဆေပုံပြင်တွေအများကြီးပြောပြပြီးတဲ့နောက်မှာ အိပ်ချင်လာလေသည်။ အဲ့တာကြောင့် ကစားသမားတွေ သူ့ကို ပုံပြင်ဆက်မပြောဖို့မတားခင် သူကိုယ်တိုင် ဒီညအတွက်အိပ်ယာ၀င်ပုံပြင်ပြောပြခြင်းကိုရပ်တန့်လိုက်ပါတော့သည်။

ထို့နောက်ကုမော်ရှီးက စပ်ဖြီးဖြီးနဲ့ပြောလိုက်သည်။

"ပုံပြင်တွေအများကြီးကျန်သေးတာမို့ ငါဆက်မပြောတော့ဘူး၊မဟုတ်ရင် မင်းဒီညကြောက်ကြောက်လန့်လန့်နဲ့အိပ်နေရလိမ့်မယ်"

ကလေးမလေးက ကုမော်ရှီးရဲ့အ၀တ်
အစွန်းနားလေးကိုဆုပ်ကိုင်ထားပြီး၊ အနည်းငယ်ကြောက်ရွံနေသောမျက်နှာလေးနှင့် ခေါင်းငြိမ့်ပြလေသည်။ တကယ်တော့ ကလေးမလေးသည် ကုမော်ရှီး၏ ပုံပြင်တွေရဲ့ကောင်းမှုကြောင့် လန့်နေလေ၏။ ထို့ကြောင့် သူမအတွက်တော့ အစ်ကိုကြီးကုမော်ရှီး ဘေးမှာသာ စိတ်အေးလက်အေးအိပ်နိုင်လိမ့်မည်။

ကုမော်ရှီး ပုံပြင်တွေပြောတာရပ်လိုက်သည်နှင့် ၀မ်းနည်းခြင်းခန်းမထဲတွင် တိတ်ဆိတ်သွားလေပြီ။ အနည်းငယ်ကြောက်စရာကောင်းနေသော်လည်း ကုမော်ရှီးပြောတဲ့ တစ္ဆေပုံပြင်တွေ ကြားရတာထက်တော့ သာပါသေးသည်။

ကုမော်ရှီးသည် ကြောက်လန့်တုန်ရီနေကြသည့် ကစားသမားများကို ဂရုမစိုက်ဘဲ မျက်လုံးတွေမှိတ်ပြီး သူ့နောက်မှာရှိတဲ့ နံရံကိုမှီလိုက်၏။လူတိုင်းက ကုမော်ရှီးရဲ့အေးဆေးအိပ်နေတဲ့မျက်နှာကို ကြည့်နေကြသည်။ ဒီလူက သူတို့ကိုတစ္ဆေပုံပြင်တွေပြောပြပြီး ကြောက်လန့်နေစေပေမယ့် သူကိုယ်တိုင်ကတော့ အေးဆေးအိပ်နေလေသည်။ သူတို့ ကုမော်ရှီးကိုမကျေနပ်ပေမယ့် မ‌ပြောရဲကြပါ။ ဘာလို့ဆိုတော့ ကုမော်ရှီးက ညတစ္ဆေပုံပြင်တွေ ဆက်ပြောမှာစိုးလို့ပင်ဖြစ်သည်။ ဒါ့အပြင် ဆံပင်ပန်းရောင်ကောင်လေးကလည်း ကုမော်ရှီးနှင့် တစ်ဖွဲ့တည်း နီးနီးနားနားတွင် ရှိနေလေသည်။

🐺 ဝံပုလွေတစ်ကောင် လွတ်မြောက်ရေးဂိမ်းထဲရောက်သွားသောအခါ 🍴Where stories live. Discover now