Chapter 5 _ ( ညစောင့် )

54 12 0
                                    

Unicode:

သေချာတာကတော့ အဲ့ညမှာ ဘာမှဆက်မဖြစ်ခဲ့‌ပါ။ မိုးလင်းလာသည်နှင့် ကစားသမားအချို့က အနောက်တံခါးကို စိတ်အားထက်သန်စွာ ဖွင့်ကြည့်လိုက်သည့်အခါ အနောက်တံခါးဟာ ဖွင့်လို့ရမှန်းသိသွားကြသည်။

"လုံလုံခြုံခြုံထွက်သွားလို့ရတယ် !" ဟု သူတို့ယူဆလိုက်ရင်း အခြားအိပ်နေသော ကစားသမားများကို နှိုးလိုက်ကြသည်။

မိုးသောက်ချိန်ရောက်နေပြီး မိုးရွာတာရပ်သွားပြီဆိုတာကို အားလုံး သတိထားမိလိုက်ကြသည်။ မြေပြင်သည် မနေ့ညက တစ်ညလုံးမိုးအသည်းအသန်းအထန် ရွာထားသည့်ပုံစံမဟုတ်ဘဲ ခြောက်သွေ့နေ‌၏။

အချို့ ကစားသမားများသည် တံခါးစီကို ဖြေးဖြေးကပ်သွားကြသည်။ ဒါပေမယ့် မနေ့ညကလို ရုတ်တရက်သေဆုံးမှုတွေဖြစ်မှာကို ကြောက်ပြီး တံခါးအပြင်ဘက်ကို မထွက်ရဲကြသေးပါ။

ကုမော်ရှီးသည် ဘာကိုမှဂရုမစိုက်ဘဲ နှစ်နှစ်
ခြိုက်ခြိုက်အိပ်နေတဲ့ ကလေးမလေးကိုချီကာ အနောက်တံခါးကိုဖြတ်လျှောက်သွား‌တော့သည်။ အနောက်တံခါးကနေ၀င်လာလျှင် အခန်းတွေအများကြီးနဲ့ ၀န်းရံထားတဲ့ အိမ်၀င်းလေးကိုတွေ့ရ၏။ ကြည့်ရတာ အဲ့ဒီအခန်းတွေက ကစားသမားတွေအတွက် အိပ်ခန်းတွေဖြစ်ပုံရသည်။ ကုမော်ရှီး အခန်းတစ်ခုရွေးကာ ၀င်လိုက်ပြီး အိပ်နေတဲ့ ကလေးမလေးကို အိပ်ယာပေါ် တင်ပေးခဲ့သည်။ သူအပြင်ကိုပြန်ထွက်လာပြီး အပြင်မှာမွေ့ယာသေးသေးလေးတစ်ခုတွေ့တော့ အဲ့ဒီ မွေ့ယာလေးပေါ်မှာပဲ အိပ်လိုက်တော့သည်။

နေ့ခင်းအချိန်ပိုင်းမှာလည်း အန္တာရယ်ရှိနိုင်သည်။ ထို့ကြောင့် သူ ကလေးမလေးကိုတစ်ယောက်ထဲထားဖို့ အဆင်မပြေတာမို့ ကလေးမလေးရဲ့အခန်းရှေ့က မွေ့ယာလေးပေါ်မှာသာ အိပ်နေတော့သည်။ တကယ်လို့ တစ်ခုခုဖြစ်လာလျှင် သူချက်ချင်းကူညီနိုင်အောင်လို့ပင်ဖြစ်သည်။

ကုမော်ရှီးမနေ့ညကကောင်းကောင်း အိပ်မပျော်ခဲ့သည့်အပြင် အစာစားထားတာမို့ ဗိုက်ဆာမနေတာကြောင့် သူထပ်အိပ်ဖို့ ပြင်လိုက်တာဖြစ်၏။

တကယ်တော့ ကုမော်ရှီးတို့ နတ်ဆိုးတွေဟာ
အစာမစားဘဲနေနိုင်ကြသည်။ သူတို့စားချင်တဲ့ အစားအစာကိုမတွေ့ရင် သူတို့သည်ပုံမှန်အားဖြင့် ဗိုက်မဆာတတ်ကြပါ။ ဒီလိုပြောတာက သူတို့မစားနိုင်ဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး။ အရှေ့မှာတုန်းက ကုမော်ရှီးတစ်ယောက် လူသားတွေစားတတ်တဲ့ အရသာရှိသော မုန့်တွေစားသည်ဟုပြောခဲ့ဖူးသည်။ အခုလို ဒီနေရာမှာ အရသာရှိတာမျိုးမစားရလျှင် မစားဘဲနေတာပိုကောင်းလေသည်။

🐺 ဝံပုလွေတစ်ကောင် လွတ်မြောက်ရေးဂိမ်းထဲရောက်သွားသောအခါ 🍴Where stories live. Discover now