Chapter 4 _ ( ညစောင့် )

50 11 0
                                    

Unicode:

မမျှော်လင့်ထားတဲ့ ကုမော်ရှီးရဲ့ ငြင်းဆိုမှုဟာ ကစားသမားသမားတွေသာ ထိတ်လန့်သွားစေရုံသာမက တစ္ဆေမကိုပါ အချိန်အနည်းငယ် ရပ်တန့်သွားစေခဲ့သည်။ ခနကြာတဲ့အခါမှာတော့ တစ္ဆေမဟာ စိတ်တိုစွာနှင့် ကုမော်ရှီးကိုမေးလာ၏။

"ဒါမင်းရဲ့ ဧည့်သည်ကို ဧည့်ခံတဲ့နည်းလမ်းလား?"

အစကတည်းက system ပြောသွားပုံအရဆို
ရင်၊ ညစောင့်သည် လေးစားမှုဖြင့်လာတဲ့ဧည့်သည်တွေကို ဧည့်ခံရမည်။ ဒါကြောင့်မို့ သူတို့ရှေ့မှာရှိနေတဲ့ "ဧည့်သည်" တစ္ဆေမကို လျစ်လျှူရှုထား၍ မရပါ။

ကစားသမားတွေဟာ ထိတ်လန့်သွားကြပြန်၏။
သူတို့တကယ်ပဲ သူတို့ရှေ့မှာ ရှိနေတဲ့ တစ္ဆေမကို အထဲ၀င်ခွင့်ပေးလိုက်ရမှာလား?!

ကုမော်ရှီးသည် လှုပ်လှုပ်ရှားရှားတောင်မရှိပဲ တစ္ဆေမကို ခပ်အေးအေးပင် ကြည့်နေလေသည်။ဒေါသထွက်လာပုံရသော တစ္ဆေမသည် သူမ၏လက်သည်းရှည်ကြီးတွေကိုဆန့်ထုတ်လာလေသည်။ မမျှော်လင့်ထားတာကတော့ သူမရဲ့လက် ၅ ချောင်းလုံးဟာ သေးသွယ်ပြီး လက်သည်းအရှည်ကြီးတွေရှိနေကြသည်မို့ တစ်ချက်ကြည့်ရုံနဲ့တင် သွားရှုပ်ဖို့မဖြစ်နိုင်တာကို သိကြလေသည်။ တစ္ဆေမသည် သူမရဲ့ပြင်းထန်တဲ့ကုပ်ခြစ်ချက်တွေနဲ့ ကုမော်ရှီးကို ကုပ်ခြစ်တော့သည်။

"ဘွန်း____"

"အား!!!!"

ခဏအကြာမှာတော့ မြေပြင်ပေါ်သို့ ကြီးမားတဲ့အရာတစ်ခု ကျသွားတဲ့အသံကိုကြားလိုက်ရပြီး တစ်ချိန်တည်းမှာပဲ အော်ဟစ်သံကို ကြားလိုက်ရတော့သည်။

ကလေးမလေးသည် သူ့မျက်လုံးတွေကို
မှိတ်ထားမိသည်မှာ ကြာလှပြီဖြစ်သည်။ သူမရဲ့ လက်ထဲမှာ တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့အ၀တ်အနားစလေးရှိသည်။ သူမအချိန်အကြာကြီးစောင့်နေပေမယ့် ဘာလှုပ်ရှားမှုမှမရှိတော့သလို လေထုကတိတ်ဆိတ်နေသဖြင့် သူမ စိုးရိမ်စွာနဲ့ပင် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သို့သော် သူမ၏အစ်ကိုကြီးရဲ့ အလောင်းကိုမြင်ရမှာကိုလည်း ကြောက်နေသေးသည်။

ရလဒ်အနေနဲ့ကတော့...

တံခါးအပြင်ဖက်တွင် ပဲစေ့အရွယ် မိုးရေ
စက်ကြောင့် ထိခိုက်ထားပြီး ကြက်သေသေနေတဲ့မျက်နှာထားနဲ့ တစ္ဆေမကိုတွေ့ရလေသည်။၀မ်းနည်းခြင်းခန်းမထဲမှာတော့ အဲ့ဒီ ယဉ်ကျေးမှုမရှိတဲ့ လူသားကောင်လေးက ခြေထောက်တစ်ဖက်တည်းနှင့်ရပ်နေပြီး တံခါးခုံကနေ တစ္ဆေမကိုကန်လိုက်တဲ့ သူ့ခြေထောက်အား ဖြေးဖြေးနဲ့မှန်မှန် သုတ်နေလေသည်။

🐺 ဝံပုလွေတစ်ကောင် လွတ်မြောက်ရေးဂိမ်းထဲရောက်သွားသောအခါ 🍴Where stories live. Discover now