Chapter 2 - ( ညစောင့် )

76 7 0
                                    

Unicode:

"ဒီဘက်ခေတ်ကလေးတွေက တကယ်ကို မကြောက်မလန့်ပါလား"

သက်လတ်ရွယ်အမျိုးသမီးကြီးကက သက်ပြင်းချပြီး ပြောရှာသည်။

"ငါငယ်ငယ်တုန်းကလည်း ကောင်းကင်နဲ့
မြေကြီးကွဲအက်သွားမှာကို မကြောက်ခဲ့ပါဘူး၊
ငါတစ်ယောက်တည်း Midnight Ominous Bell လိုမျိုး ‌horror ‌ဇာတ်ကားမျိုးကို ညဘက်တွေမှာကြည့်ခဲ့သေးတာ၊ အခု‌တော့ ငါမလုပ်နိုင်တော့ဘူး ကြောက်စရာကောင်းတဲ့ဇာတ်ကားတွေကိုဆို အစတောင်ဖွင့်မကြည့်ရဲဘူး"

ကလေးမလေးကတော့ အဲ့ဒီမိန်းမကြီးရဲ့စကားတွေကို ချိုချိုသာသာ ပြုံးပြီးတော့သာကြည့်နေရှာပြီး တုံ့ပြန်ချက် တစ်စုံတရာမပေးခဲ့ပါ။

ကုမော်ရှီးကတော့ သူ့မှာထေ့ငေါ့တတ်တဲ့အကျင့်လေးရှိတာမို့ သူ့အတွက် ကလေးမလေးပြောသွားတာတွေဟာ အနည်းငယ်ထူးဆန်းသလို ခံစားနေခဲ့ရသည်။ သူအရင်ဆုံးလူငယ်လေးကို ငေးကြည့်လိုက်ပြီးနောက်မှ သူ့အကြည့်တွေသည် ကလေးမလေးစီကိုရောက်သွားတော့သည်။

အခန်းထဲမှာရှိတဲ့ အရွယ်ရောက်ပြီးသားလူတွေ
က ဒီကလေးမလေးတစ်ယောက်ထက်တောင် မသာကြဘူး။

ဆံပင်ပန်းရောင်နဲ့ကောင်လေးက အစကတည်းက ဒီလိုတွေဖြစ်လာမယ်လို့ ခန့်မှန်းထားပြီးသားမို့ ထူးထူးခြားခြား သူတို့တွေရဲ့စကားဝိုင်းထဲကို၀င်ပြောမနေတော့ပါ။ ပန်းရောင်ကောင်လေးက ကျောင်းသူလေးကိုခေါ်လိုက်ပြီး ကုမော်ရှီးနဲ့ကလေးမလေးတို့ဘက်ကိုသွားခိုင်းလိုက်သည်။

သူကိုယ်တိုင်လည်း ထိုသုံးယောက်အနားကိုလာပြီး ပြောသည်က "ကျွန်တော်တို့ ၄ ယောက်တည်းရှိတယ်ဆိုရင်လည်း ဘာမှမဖြစ်ပါဘူး၊အမှန်တိုင်းပြောရမယ်ဆို ကျွန်တော်ရယ် ဒီကလှပတဲ့ကျောင်းသူလေးရယ်ကလွဲရင် ဘယ်သူမှ လက်ထောင်လာမယ်လို့မထင်ထားခဲ့ဘူး၊ အခုကျွန်တော်တို့ ဘယ်လိုတာ၀န်ခွဲမလဲဆိုတာကို ဆွေးနွေးရအောင်၊၄ ယောက်ထဲက ၁ ယောက်ကတော့ တစ်ညပဲစောင့်ရမယ်၊ ဒါပေမယ့် ကျန်တဲ့ ၃ ယောက်ကတော့ ၂ ညစီစောင့်ရလိမ့်မယ်"

ကျောင်းသူကောင်မလေးကရုတ်တရက်သဘောပေါက်သွားသလိုပြောသည်။

🐺 ဝံပုလွေတစ်ကောင် လွတ်မြောက်ရေးဂိမ်းထဲရောက်သွားသောအခါ 🍴Where stories live. Discover now