Chapter 7 _ ( ညစောင့် )

43 9 0
                                    

Unicode:

လူတစ်ချို့က အချိန်တော်တော်ကြာ ဆွေးနွေးနေကြပေမယ့် လိုချင်တဲ့ ရလဒ်ထွက်မလာကြပေ။နောက်ဆုံးမှာတော့ အစကကိုယ့်အခန်းကိုယ်ပြန်ပြီး အိပ်ချင်ကြတဲ့လူတွေဟာ သေချာတွေးတောပြီးနောက် မပြန်ကြချင်တော့ပေ။

သူတို့ပြောခဲ့သလိုပဲ၊အိမ်ထဲမှာ နေ့ဘက်တွင်တောင် တ‌စ္ဆေတွေထွက်လာသေးတာပဲ။ ညဘက်မှာလည်း ထွက်လာနိုင်တယ်မဟုတ်လား။ အဲ့ဒီလိုထွက်လာရင်တော့ နေ့ဘက်ထက်ပိုကြောက်စရာကောင်းပေလိမ့်မည်။ဒါ့အပြင် ညဘက်တွင် ရှင်းရှင်းလင်းလင်းမြင်ရဖို့ ခက်ခဲသည်။အဲ့ဒီဟာက ကြောက်စရာကောင်းတဲ့ပြသာနာမဟုတ်တော့ပါဘူး။တကယ်လို့ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် လွတ်မြောက်ဖို့ ကြိုးစားချိန်မှာ သေချာပေါက် ခလုတ်တိုက်လဲလိမ့်မည်။တွေးကြည့်မယ်ဆို နေ့ဘက်ထက် ညဘက်ကအန္တာရယ်ပိုများ၏။

သူတို့တွေးတောကြည့်ကြပြီးတဲ့နောက်မှာတော့ ၀မ်းနည်းခြင်းခန်းမထဲမှာနေတာက ပိုပြီးစိတ်ချရတယ်လို့ သူတို့ခံစားနေရသည်။နောက်ဆုံးတော့ လူတိုင်းမနေ့ကဘာဖြစ်သွားလဲဆိုတာကို မြင်ခဲ့ကြတာပဲ။ အဲ့ဒီတစ္ဆေတွေက ကုမော်ရှီးကို မနိုင်ဘူး။ ဒီနေ့တစ္ဆေတွေလည်း အဲ့လိုဖြစ်နေနိုင်တာပဲလေ။တစ်ယောက်တည်း အခန်းထဲမှာနေတာထက်စာရင် ကုမော်ရှီးဘေးမှာနေတာက ပို၍ လုံခြုံ၏။

ရလဒ်အနေနဲ့ ကစားသမားတွေက အချင်းချင်း အကြည့်တွေဖလှယ်လိုက်ကြသည်။သူတို့ ၀မ်းနည်းခြင်းခန်းမထဲတွင်သာနေပြီး ထွက်သွားဖို့ ငြင်းပယ်လိုက်ကြသည်။

"အသစ်တွေက အရမ်းအန္တာရယ်များလား?"

ကျီယန်း လင်လောင်က သူမ၏မေးကိုထောက်ကာ သက်ပြင်းချလိုက်သည်။

ကုမော်ရှီးက ကစားသမားတွေကို ဂရုမစိုက်ဟန်ဖြင့်ကြည့်ကာ ပြန်ပြောလိုက်သည်။

"အဆုံးမှာတော့ မင်း အဆင့်တွေကို ၁၀ ခါကျော်ပြီးပြီဆိုရင် ဒီဂိမ်းကနေထွက်လို့ရပြီ။အဆင့်နည်းလာလေလေ ဂိမ်းကပိုခက်လာလေလေဖြစ်မှာက သဘာ၀ပဲ။အဓိကအရှင်သခင်ကြီးက အလှူလုပ်နေတာမဟုတ်ဘူး။"

ခဏအကြာမှာ‌တော့ ပန်းရောင်ကောင်လေးနဲ့ ကျောင်းသူလေးတို့ဟာ ညစောင့်ဖို့အစီအစဉ်ဆွဲပြီး system ကို လျှောက်လွှာတင်လိုက်သည်။သူတို့စကားပြောပြီးတာနဲ့ အချို့ကစားသမားတွေဟာနှောင့်ယှက်ဖို့ မစောင့်နိုင်ကြတော့ပေ။

🐺 ဝံပုလွေတစ်ကောင် လွတ်မြောက်ရေးဂိမ်းထဲရောက်သွားသောအခါ 🍴Where stories live. Discover now