Chapter 6_ ညစောင့်

55 11 0
                                    

Unicode:

စုန်းမတစ်ယောက်ဖြစ်လာတာက တကယ်ကောင်းမယ့်ပုံပင်။ကျီယန်း လင်လောင်သည် စုန်းမတစ်ယောက်ဖြစ်လာဖို့ ၅ စက္ကန့်တောင်မစဉ်းစားဘဲ ခေါင်းငြိမ့်လိုက်လေသည်။

အခုခေတ် ကလေးတွေက နဂိုကတည်းက တော်တော်များများကိုသိနေပြီးသားဖြစ်သည်။အသက် ၁၂ နှစ်အရွယ် ကလေးက အရွယ်နဲ့မလိုက်အောင် သိနေလေသည်။ဒါပေမယ့် မကြာသေးခင်ကတင် တကယ်ကို ရှေ့ာရစရာတွေဖြစ်ခဲ့တာကိုတော့ ငြင်းလို့မရဘူးပေါ့။တစ္ဆေတွေတောင် ပေါ်လာသေးတာပဲ။ အဲ့ဒီတော့ မှော်ပညာလည်း ပေါ်လာဖို့ မကြာတော့ဘူး ထင်လား?။အဲ့ဒီတော့ ကျီယန်း လင်လောင်သည် ကုမော်ရှီးကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တော့လေ၏။

ဘာပဲဖြစ်ဖြစ် သိထားသင့်တာတစ်ခုကတော့
ကုမော်ရှီးက မှော်ပညာမသုံးတတ်‌ပေ။ဒါပေမယ့်လည်း နတ်ဆိုးတွေရဲ့ မန္တာန်တွေကိုလည်း မှော်ပညာအဖြစ်သတ်မှတ်လို့ရတယ်မလား။

ဆိုတော့ ကုမော်ရှီးက အဲ့လိုလှည့်ကွက်လေးနဲ့ကလေးမလေးကို သင်ပြသွားမည်။ကလေး
မလေးဆီက ‌သဘောတူကြောင်းကြားရအပြီးမှာတော့ ကုမော်ရှီးတစ်ယောက် စသင်တော့သည်။သာမာန်လူတစ်ယောက်ကို နတ်ဆိုးမန္တာန်တွေ ရွတ်ဆိုနိုင်ရန် သင်ပေးဖို့ အလွယ်ဆုံးနည်းလမ်းမှာ အဲ့ဒီလူကို နတ်ဆိုးအဖြစ်သို့ပြောင်းလိုက်တာပင်ဖြစ်သည်။

ငရဲပြည်က သွေးမြင့်တွေဟာ အခြားသတ္တဝါတွေကို နှင်းအပ်နိုင်၏။ ဥပမာအနေနဲ့ပြောပြရမယ်ဆိုရင် သွေးစုပ်ဖုတ်ကောင်တွေက သူတို့ရဲ့ ပထမဆုံးယုံကြည်မှုကို လူသားကိုပေးသလို၊ ဝံပုလွေတွေကကိုက်ပြီး ကူးစက်တတ်သလို၊မသေသေးတဲ့ ပိုးမွှားတွေ ပျံ့ပွားသွားသလိုပေါ့။နတ်‌ဆိုးတွေက သူတို့စွမ်းအားကို အခြားလူအား‌ နှင်းအပ်တာက အနှောက်အယှက်တော့ဖြစ်သည်။တကယ်တော့ နတ်ဆိုးတွေက ငရဲပြည်မှာ ထိပ်ဆုံးကပင်ဖြစ်သည်။ကုမော်ရှီးသည် ကျီယန်းလင်လောင်၏ နှလုံးသားထဲမှာ နတ်ဆိုးအစေ့ကိုထည့်ပြီး အစေ့ကနေအပင်ပေါက်စေဖို့ သူ့ရဲ့နတ်ဆိုး ပညာကိုအသုံးပြုလိုက်သည်။

တကယ်တော့ ဒီနည်းလမ်းက သိပ်ပြီးမထိရောက်သော်လည်း အလုံခြုံဆုံးဖြစ်ပြီး ကုမော်ရှီးအပေါ်ဆိုးကျိုးအနည်းငယ်သာရှိလေသည်။နောက်ဆုံးတော့ သူ့ရဲ့နတ်ဆိုး ပညာကြောင့် အဆီအနှစ်ဖြစ်လာလေသည်။အဲ့ဒီလိုလုပ်တာက ကုမော်ရှီးရဲ့ စွမ်းအင်အနည်းငယ် ကုန်သွားစေပေမယ့် ဖြေးဖြေးချင်းပြန်လည်သက်သာလာပေလိမ့်မည်။

🐺 ဝံပုလွေတစ်ကောင် လွတ်မြောက်ရေးဂိမ်းထဲရောက်သွားသောအခါ 🍴Where stories live. Discover now