အခန်း ၁

2.7K 77 9
                                    

1

ည 10နာရီဝန်းကျင်၊ လမ်းမပေါ်၌ စတင်လူစည်ကားလာသည့်အချိန်၊ ဤနေရာတွင်ကား အရက်ဘားများစွာရှိသဖြင့် လူငယ်များသည် ကိုယ်စီကိုယ်ငှ ညအချိန်ကို ကုန်ဆုံးနေကြသည်။

လမ်းထောင့်မှ ဘားတစ်ခုအတွင်းတွင်၊ ယောက်ျားတစ်ယောက်သည် မိန်းမငယ်လေးတစ်ယောက်အားပွေ့၍ ဆိုဖာ၌ ထိုင်နေသည်။

"အကိုကျော၊ အရက်က သောက်လို့ကုန်တော့မယ်၊ သူတို့ကို ထပ်လာချခိုင်းလိုက်ပါ့လား~"

မိန်းကလေးသည် ပြောရင်း လက်ချောင်းက အငြိမ်မနေပဲ အမျိုးသားရင်ဘတ်ပေါ် လှည့်လည်နေသည်။

狄卓( Dí Zhuó) သီကျော မှာ မိန်းကလေး၏အပြုအမူကြောင့် စိတ်မြူးသွားရသဖြင့် ခေါင်းကို သူမ၏ပြည့်မို့နေသောရင်ကြား နစ်ကာ နမ်းရှိုက်လိုက်၏။
"အချောလေးက တောင်းဆိုနေတာကို ကိုယ်ဘယ်လိုလုပ်ငြင်းနိုင်ပါ့မလဲကွာ ၊ မင်းလေးသဘောအတိုင်းပဲပေါ့"

"အိုက်ယား~ အကိုကျောကလဲ ၊ အရမ်းဆိုးတာပဲ "
မိန်းကလေးက အီချွဲချွဲနဲ့ သူ့ကိုယ်ပေါ် မှီလာသည်။

သီကျော ကြည့်လိုက်တော့ စောင့်နေသည့်အချိန်က ၁နာရီလောက်တောင် ကြာနေပြီ။ သူချိန်းထားသူက ပေါ်မလာသေး၍ ဖုန်းထုတ်ကာ ဆက်ရတော့သည်။ တတူတူအသံကို တအောင့်လောက် ကြားရပြီးမှ ဖုန်းချိတ်ဆက်သွားသည်။

"ဝေ့ ရွှီသခင်လေး၊ အကိုကြီးရွှီရေ မင်းက လာမှာလား မလာဘူးလားကွ? ငါ ဒီမှာ စောင့်နေတာ ဘယ်လောက်ကြာနေပြီတုန်းသိလား? ငါတို့  မတွေ့ရတာ ၁နှစ်ကျော်လောက်ရှိပြီကို ငါ့မှာ မင်းနဲ့တွေ့ရဖို့ ဘယ်လောက်‌တောင် မျှော်နေခဲ့ရလဲသိရောသိလား?"

သီကျော ဒေါနဲ့မောနဲ့ ပြောသည်။

“ရောက်ပြီလေ၊ ဘာလောနေတာလဲ"

သီကျော တန့်သွားပြီး မော့ကြည့်လိုက်တော့ ဒီဘက်ကိုလျှောက်လာနေသူကို တွေ့လိုက်ရသည်။ ချက်ချင်းပဲ ပျော်ရွှင်စွာ ဆိုဖာကနေ ထရပ်ပြီး လှမ်းနှုတ်ဆက်လိုက်သည်။

"အမလေးကွာ ရွှီရှော့ရာ လာပါသေးရော၊ မင်းကို ပင့်ရတာလည်း အရမ်းခက်တာပဲ၊ ယွမ်ရှန်တို့တစ်စုဆို ဆဲတောင်ဆဲကြသေးတယ်၊ မင်းက Aမြို့ကို ပြန်လာတာတောင် ဘာသောက်လုပ်ရှုပ်နေမှန်းမသိဘူးတဲ့ အပြင်လေးဘာလေးခေါ်တာတောင် မလှုပ်ဘူးဆိုပဲ"

ရူးသွပ်စွာ တပ်မက်ခြင်း။Where stories live. Discover now