အပိုင်း ၁၀

639 52 0
                                    

10

တောင်ပေါ်စခန်းမှ ပြန်လာပြီးနောက်၊ လဝက်လောက်ကြာသွားပြီဖြစ်သည်။ နှစ်ယောက်သား၏ဆက်ဆံရေးမှာ အရင်ကအတိုင်းသာ၊ နောက်တစ်လှမ်းမတက်နိုင်ကြသေး။ ဖုရွှင်းလန်လည်း အတော်လေး စိတ်ညစ်နေသည်။ ရွှီရှော့က ပြောသည့်အတိုင်းလုပ်တာမို့၊ တုန့်ပြန်မှု ရှိလာတိုင်း လက်နဲ့သာ ကူပေးသည်။

ဖုရွှင်းလန်သည် မိမိ အရမ်းလောဘကြီးမှန်း ဝန်ခံပါသည်။ ရွှီရှော့က အခုမှ နမ်းဖို့ လက်ခံရုံ‌ရှိ‌သေး၊ မိမိကတော့ မရောင့်ရဲမတင်းတိမ်ဖြစ်နေပြီး ဖက်လဲတကင်းလည်းနေချင်သေးသည်။

"ရွှီရှော့၊ လုပ်လို့ မရဘူးလား......."

ဖုရွှင်းလန်က မျက်နှာရဲရဲလေးနဲ့ လက်ဆန့်ကာ သူ့ဂွကြားနေရာ လှမ်းစမ်းသည်။

ရွှီရှော့ သူ့လက်ကို ဆွဲဖမ်းထားပြီး၊ ရယ်လျှက် မေးသည်။
"မရှင်းမလင်းဆက်ဆံရေးနဲ့၊ ကျွန်တော်က ဘာလို့ ခင်ဗျားနဲ့ လုပ်ရမှာ၊ ဘာကောင်းကျိုးမှလည်း မရှိပဲနဲ့"

"ဒါပေမဲ့ အရင်တစ်ခေါက်ဟိုတယ်မှာတုန်းက......"

ဖုရွှင်းလန်က ပြောပြီး အသံလေးတိုးဝင်သွားသည်။

ရွှီရှော့က အေးစက်စက် ဟမ့်ခနဲလုပ်ပြီး အားမဆိုသလောက်နဲ့ ထိုသူလေးမေးစေ့ကို ဆွဲညှပ်ယူလိုက်ပြီး
"ပြောရဲသေးတယ်နော် ဖုရွှင်းလန်၊ တစ်ညလုံးကျွန်တော့်ကို စားတယ်၊ နောက်နေ့နေ့လည်ကျတော့ တခြားသူနဲ့ တစ်တီတူးပြီး ညကျ လက်ထပ်လိုက်ကြတယ်၊ အစီအစဉ်ကို ကျနေရော"

ဖုရွှင်းလန်ခမျာ တစ်ခွန်းတည်းနဲ့ အပိတ်ခံလိုက်ရသည်။ သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေရင်း ပြောရန်ပြင်ခါမှ ဖုန်းက မြည်လာသည်။

ရွှီရှော့သည် ထိုသူလေး ထပ်ပြီး လူကို ရှောင်ပုန်းကာ ဖုန်းသွားပြောမည့်ပုံကိုတွေ့တော့၊ ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်ပြီး သွားခွင့်မပေး။ အခုတလော ရှောင်ကာပုန်းကာ ဖုန်းဖြေတာတွေကြောင့် နည်းနည်း သံသယဖြစ်စရာကောင်းနေသည်။

"ရွှီ  ရွှီရှော့၊ ငါ ဖုန်းကိုင်လိုက်ဦးမယ်.…." ဖုရွှင်းလန်သည် စိတ်လှုပ်ရှားနေပြီး အသာရုန်းကြည့်သည်။

ရူးသွပ်စွာ တပ်မက်ခြင်း။Where stories live. Discover now