အခန်း ၂

2.4K 74 16
                                    

ရွီရှော့ ထိုအတိုင်း အမျိုးသားက ဟိုတယ်ခန်းတစ်ခုထဲ ဆွဲခေါ်သွားခြင်းအား ခံလိုက်ရပါလေသည်။

"အခန်းတောင် ကြိုယူထားပြီးသားပေါ့?"

ရွှီရှော့ နည်းနည်း ရယ်ချင်သည်။ သူ စိတ်ထဲ တွေးမိ၏။ သူ့ရှေ့ကလူသည် ကြည့်လိုက်လျှင်  အထက်တန်းကျမည့်အသွင်အပြင်နှင့် ဘယ်လိုလုပ်ပြီး အပြုအမူကျတော့ မဆင်မခြင်နိုင်တဲ့ကြောင်တောင်တောင်ပုံစံဖြစ်နေရတာလဲဟု။ မျက်လုံးထဲက ထင်သာမြင်သာရှိလှတဲ့ ရမ္မက်တွေနဲ့ အပြင်ပန်းအသွင်အပြင်က ပေးလာတဲ့ ထင်မြင်ချက်ဟာ နည်းနည်းလေးမှ ကိုက်ညီမနေ။

အမျိုးသားသည် ရွှီရှော့ကို တအောင့်ကြာ စိုက်ကြည့်ပြီးနောက် စိတ်လှုပ်ရှားမှုအနည်းငယ်နှင့် ကပ်လာကာ နမ်းဖို့လုပ်သည်။

"အရမ်းလောနေတာပဲ"
ရွှီရှော့သည် ခေါင်းစောင်းကာ ထိုသူ့အနမ်းကို ရှောင်လိုက်သည်။ နည်းနည်းမှ စိတ်စနိုးစနောင့်ဖြစ်ခြင်းမရှိပဲ ထိုသူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ထိုသူ့ကိုယ်အား ပွတ်သပ်၍ ရည်ရွယ်သလို မရွယ်သလို စူးစမ်းကြည့်နေသည်။

"အင့် ဟင့်......"

အမျိုးသားကိုယ်က ပျော့ခွေလာသည်။ ရွှီရှော့က ထိတွေ့နေတာလို့တွေးမိတော့ အောက်ပိုင်းက ထကြွလာ၏။

ရွှီရှော့လည်း သူ့ပေါင်ကို လာထောက်နေသော တစ်စုံတစ်ခုအား ခံစားမိသည့်အခါ ထူးဆန်းစွာ အာခေါင်ခြောက်လာရပါသည်။ စွေ့ခနဲ့ ခပ်ကြမ်းကြမ်းပွေ့၍ ကုတင်ပေါ် ပစ်တင်လိုက်ပြီး အခုဏလေးတင် ထိုသူ့ပိုက်ဆံအိတ်ထဲမှ ထုတ်ယူထားသော မှတ်ပုံတင်အား မျက်နှာဘေးကပ်ကာ ယှဉ်ကြည့်လိုက်သည်။ လူတစ်ဦးတည်းဖြစ်ကြောင်း မှန်ကန်မှ ဖွဖွရယ်၍
"ဖုရွှင်လန်၊ တော်တော်နားထောင်ကောင်းတဲ့နာမည်ပဲ"

ဖုရွှင်လန်က လက်နှစ်ဖက်လုံး သူ့လည်ပင်းကို သိုင်းဖက်ကာ ကပ်တိုးလာပြီး ပြောသည်။

"....... ပိုက်ဆံ‌ဘယ်လောက်ထပ်တိုးပေးမှ မင်းကို နမ်းလို့ရမှာလဲ?"

ကြားလိုက်ရတဲ့ ရွှီရှော့မှာ အတော်စိတ်ဝင်စားစရာကောင်းသားဟု ထင်မိသည်။ သူ တမင်တကာ ထောင်ဖမ်းမေးလိုက်၏။

ရူးသွပ်စွာ တပ်မက်ခြင်း။Where stories live. Discover now