အခန်း ၃

1.7K 71 11
                                    

မင်္ဂလာပွဲကျင်းပမည့်ဟိုတယ်ကိုရောက်သော် ရွှီရှော့ ကားပေါ်က ဆင်းလာရုံရှိသေး ဓာတ်လှေကားဝတွင်စောင့်နေသော သီကျောကို တွေ့လိုက်ရသည်။

"အမလေးကွာ ဘာလို့ဒီလောက်နောက်ကျမှလာရတာတုန်း! မင်းမလာတော့ဘူးတောင် ထင်နေတာ၊ တကယ် သေချင်စရာပဲ"

သီကျော ခပ်သုတ်သုတ်လျှောက်လာသည်။

"လဲဖို့အဝတ်ရော၊ အချိန်တွေ ဖြုန်းမနေချင်ဘူး"

ရွှီရှော့သည် အနောက်တိုင်းဝတ်စုံကို ဝတ်ရတာ မနှစ်သက်လှပါ၊ hair spray ဖြန်းတာကိုလည်း ထို့အတူပင်။ formal ကျကျအပြင်အဆင်မျိုးက သူ့အတွက် သက်သောင့်သက်သာမရှိလှပါ။

သီကျောသည် သူ့စတိုင်ကိုကြည့်ပြီး ခေါင်းရမ်းကာ သက်ပြင်းချသည်။

"ခဏနေ ဟန်မင်ကျူး မင်းကို တွေ့လိုက်ရင်လေ အသားကုန် အော်လောက်တယ်"

"ဘာလို့လဲ?"
ရွှီရှော့ နားမလည်ပါ။ ထို့နောက် အေးအေးသက်သာလျှောက်သွားပြီး ဓာတ်လှေကားတွင်း ဝင်လိုက်သည်။

သီကျောလည်း အတူလိုက်ဝင်ခဲ့ပြီး အပေါ်တက်မည့်ခလုတ်ကို နှိပ်ရင်း ဟင်းခနဲ့အသံပြုသည်။
"မင်းကလေ ကိုယ့်ရုပ်ချောတာကို နည်းနည်းမှ မသိဘူး၊ ဖြုန်းတီးချက်ပဲ၊ ငါ့ကို ခွဲပေးလိုက်ရင်တောင် ဟုတ်သေး"

"မင်းအခုလည်း ဒေါင်းမင်းသားလေးဖြစ်နေတာမဟုတ်ဘူးလား?"

ရွှီရှော့ ရယ်ရင်း ပြောသည်။

သီကျောနှုတ်ခမ်း တင်းသွားပြီး ခေါင်းစဉ်ပြောင်းတော့သည်။
"ဒါနဲ့လေ ငါအခုဏ ခန်းမထဲဝင်တုန်းက မင်းရဲ့အနာဂတ်ယောက်ဖကို တွေ့ခဲ့လိုက်သေးတယ်။ အဝေးကနေ လှမ်းတွေ့တာပေမဲ့လေ ပုံစံက နွေးထွေးသိမ်မွေ့တဲ့ပုံစံလေး၊ ရွှီရှီးရန်ရဲ့အရင်ရည်းစားတွေထဲ ဘယ်သူကမှ အဲ့လိုပုံစံမရှိဘူး။ တော်တော် ထူးဆန်းတာ ၊ မင်းသူ့ကို တွေ့ဖူးလား?"

"မတွေ့ဖူးဘူး၊ စိတ်မဝင်စားဘူး"

ရွှီရှော့မျက်နှာက တည်တည်ငြိမ်ငြိမ်နဲ့သာ ဓာတ်လှေကားမှ ပြောင်းသွားသောအထပ်နံပါတ်များပြသည့်စခရင်ကိုသာ ကြည့်နေသည်။

ရူးသွပ်စွာ တပ်မက်ခြင်း။Where stories live. Discover now