အပိုင်း ၁၁

789 50 4
                                    

11

"ဝေ့ ရွှီရှော့၊ မင်းမနက်ဖြန် ကျောင်းပိတ်တယ်မလား၊ ငါတို့ဘက်တန်းလာခဲ့လိုက်နော်၊ ငါ့အမေက ငါ့ကို ဒေါက်ထောက်ကြည့်နေလို့ Aမြို့ကို လာလို့မရဘူး၊ မင်းပဲ Cမြို့ကို လာခဲ့လိုက်"

သီကျောက တစ်ယောက်ယောက်ကြားသွားမှာစိုးသလို၊ အသံတိုးတိုးလေးနဲ့ ပြောသည်။

"နောက်မှ ဆုံလည်း ဖြစ်ပါတယ်"
ရွှီရှော့ စာအုပ်ဖတ်ရင်း သတိလက်လွတ်ဖြေလိုက်သည်။

"မဖြစ်ပါဘူး! ပြီးတော့ မင်းလည်း Cမြို့ကို မလာဖြစ်တာကြာပြီလေ၊ ငါ့ကိုပဲ Aမြို့ ပြေးပြေးလာခိုင်းနေတာ! မင်းကိုယ်မင်း ငါလိုက်နေတဲ့ကောင်မလေးမှတ်နေလား!"

"အေးပါကွာ၊ လိပ်စာပို့လိုက်"
ရွှီရှော့ အပိုပြောရမှာ ပျင်းလွန်းသည်။

"မင်းကျယ်ဖုက Aမြို့က မင်းဗီလာမှာနေတာမဟုတ်ဘူးလား၊ ဘာလို့အခုတလော သူ့ကို မင်းအစ်မနဲ့အတူတူ ပွဲတက်တာတွေ တွေ့နေရတာလဲ၊ တမြန်နေ့က ညစာစားပွဲမှာရောပဲ။ သူက Aမြို့မှာ စာသင်ပြီး နေ့တိုင်း ပြေးလိုက်လွှားလိုက်လုပ်နေတာ၊ မင်းအစ်မကို တော်တော်ချစ်ပုံဟ"

သီကျော နည်းနည်း လေးစားမိပါသည်။

ရွှီရှော့ စာရွက်လှန်နေသည့်လှုပ်ရှားမှုက တန့်သွားကာ အတန်ကြာအောင် စကားမဆိုမိ။

သီကျော ဖုန်းကို ကြည့်ပြီး ချိတ်ဆက်နေမှန်း သေချာမှ ဆက်ပြောသည်။

" ဟေ့ရောင်၊ ငါကြားတာတော့လေ၊ မင်းအစ်မက ကိုယ်ဝန်ရှိနေပြီထင်တယ်၊ သူက အခုတရားဝင်မကြေညာသေးပေမဲ့၊ အသိုင်းအဝိုင်းထဲမှာတော့ ပြန့်နေပြီ၊ သတင်းက မှန်နိုင်ခြေမြင့်တယ်။ မင်းကျယ်ဖု ဒီကိုပြန်လာနေတာလည်း အဲ့ကိစ္စကြောင့်ပဲတဲ့၊ ငါပြောလို့ပြောတာမဟုတ်ဘူး၊ နေ့တိုင်းလုပ်နေမှာပဲ အဲ့လောက်မြန်မြန် ကိုယ်ဝန်ရမှာ!"

"စိတ်မဝင်စားဘူး"
ရွှီရှော့က အေးစက်စွာ ပြောလိုက်သည်။

သီကျောက သူ့လေသံကြောင့် ရွှီရှီးရန်နဲ့ပတ်သတ်တာ နားမထောင်ချင်ဘူးအထင်နဲ့ ‌ေချာင်းဟန့်ပြီး
"မနက်ဖြန် ငါ့ကိုလာရှာဖို့မမေ့နဲ့နော်၊ ချိန်းပြီးမလာလို့ကတော့ သေပြီပဲ!"

ရူးသွပ်စွာ တပ်မက်ခြင်း။Where stories live. Discover now