4
ဖုရွှင်လန် ပထမဆုံးအကြိမ် ရွှီရှော့နှင့် ဆုံတွေ့ခဲ့ရပုံကို ရှင်းလင်းစွာ မှတ်မိနေသေးသည်။
ထိုအချိန်က သူသည် သူ့မွေးစားမိခင်၏တောင်းဆိုချက်ဖြင့် သူငယ်ချင်းတစ်ယောက်၏သား ၁၈နှစ်ပြည့်မွေးနေ့ပွဲကို တက်ရောက်ခဲ့ရသည်။ ပွဲတွင် သက်တူရွယ်တူ အသိအကျွမ်းကိုလည်း မတွေ့တာမို့ တခဏလောက်နေပြီး ဆင်ခြေရှာကာ ပြန်ဖို့တွေးထားသည်။
ဖုရွှင်လန်အနေနဲ့ ခံစားချက်ပိုင်းဆိုင်ရာမျိုးတွင် အမြဲ မချောမွေ့ခဲ့သူဖြစ်သည်။ သူ့ဘေးကသူငယ်ချင်းတွေ အချစ်နွံနစ်ပြီး ချစ်လွန်းလို့သေမတက်ဖြစ်နေပုံကိုကြည့်ရင်း ဘာမှတော့ မပြောခဲ့ပေမဲ့ စိတ်ထဲမှာတော့ အတော်လေး သိချင်စိတ်ဖြစ်ခဲ့သည်။ အနည်းငယ်လည်း အားကျခဲ့သည်။ သို့ေသာ်လည်း ဘယ်လောက်romanticဆန်တဲ့ဇာတ်လမ်းတွေ ကြည့်ကြည့်၊ ကိုယ်တိုင် ဝင်မခံစားတက်သလို၊ ကိုယ်တိုင်ကျရင်လို့လည်း တွေးကြည့်လို့ပင်မရခဲ့ပါ။
မူလက သူ့ ဒီဘဝမှာတော့ လူတစ်ယောက်ယောက်ကို ချစ်မိနိုင်လိမ့်မည်မဟုတ်ဆိုသော အမှန်တရားကို ဖြည်းဖြည်းချင်း လက်ခံလာနိုင်ခဲ့ပေမဲ့ ရုတ်တရက်ဆန်သော အလှည့်အပြောင်း ရောက်ရှိလာခဲ့သည်။
ထိုနေ့ညမွေးနေ့ပွဲ၌ ဆုံတွေ့မိသော ရွှီရှော့ပါပင်။
ရွှီရှော့သည် သူကြုံခဲ့သမျှ လူများထဲမှ အနောက်တိုင်းဝတ်စုံနှင့် အလိုက်ဖက်ဆုံးသောသူဖြစ်သည်။ သူ့ကိုယ်တွင် တောက်ပနေသည့်အငွေ့အသက်မျိုး ပေးစွမ်းပြီး ထိုအငွေ့အသက်က သူ့အား အခြားလူများနှင့် သိသိသာသာကွဲထွက်စေပါ၏။သူ၏ရုပ်ရည်ကလည်း ကောင်းမွန်သည်။ သိမ်မွေ့လှသည့်အပြုအမူတွင် အသက်အရွယ်နှင့်မလိုက်သော တည်ငြိမ်မှုကိုပါ ဖောက်မြင်နိုင်သည်။
ဖုရွှင်လန် ထိုအခိုက်အတန်မှာပင် သိခဲ့လိုက်သည်။ မိမိသည်လည်း စင်စစ် လူတစ်ဦးထံ ကြွေသွားနိုင်ပါကြောင်း။
ရွှီရှော့အား မြင်လိုက်ရသည့် ပထမအကြည့်တစ်ချက်ကလေးနဲ့တင် နှစ်သက်ခြင်းဟူသော ခံစားချက်အား ခံစားမိလိုက်သည်။
YOU ARE READING
ရူးသွပ်စွာ တပ်မက်ခြင်း။
Romanceအချို+ အသားနည်းနည်းပါသော ဇာတ်အိမ်ခိုင်သည့် အချစ်ဝတ္ထု။ မိတ်ဆက်လာဖတ်ကြည့်! နောင်တ မရစေရဘူး!!!!