ကာရံထားတဲ့စည်းတွေရဲ့ အခြားတစ်ဖက်မှာတော့ ကျွန်တော်သူ့ကိုချစ်နေတယ်ဆိုတာ ငြင်းဆန်လို့မရခဲ့ဘူး။
နေလင်းပိုင်
****
ကာရံထားတဲ့စည်းတွေရဲ့ အခြားတစ်ဖက်မှာတော့ "ငါမင်းကိုချစ်တယ် "ဆိုတာ မုသားမပါတဲ့အမှန်တရားတစ်ခုပဲ။
ဟိန်းထက်ပိုင်
****
ဆန်းကြယ်သော ရေစက်
G-11စာသင်နှစ်က ကျွန်တော့်အတွက် ကံဆိုးတဲ့နှစ်လား ကံကောင်းတဲ့နှစ်လားမသေချာဘူး။ဒါပေမယ့် ကျွန်တော့်ကို ဘူပိတ်စေတဲ့ဂြိုလ်ကောင်ကတော့ ကျွန်တော့်အနားမှာ
သူနဲ့ကျွန်တော်က ဘယ်လိုရေစက်မှန်းမသိ၊ဆုံလိုက်တဲ့ရေစက်ဆိုတာ ကုန်မကုန်နိုင်ပေါင်။ဘယ်လိုတွေများ ဆုတောင်းခဲ့လို့လဲမသိ။
"နေလင်းပိုင်!!"
ပြောရင်းဆိုရင်းနဲ့ကိုရောက်လာတာ။အသက်ရှည်ဦးမယ်။
"ငှက်ဆိုးထိုးသံနဲ့ အာပြဲနေအောင်အော်ခေါ်မနေနဲ့။မင်းအဖေငါ ကြားတယ်..!"
အသံပါဝါက ကောင်းသလားမမေးနဲ့။ဖြူဖြူကျော်သိန်းနဲ့ မောင်နှမလုပ်ထားသလားပဲ။
"ငါကလည်း ခေါ်ချင်လွန်းလို့ ခေါ်နေတာမဟုတ်ဘူး ဟေ့ကောင် ဆရာမခေါ်ခိုင်းလို့သာ.."
"..ဘယ်ဆရာမတုန်း"
"Chemistry ဆရာမ"
"ဘာလုပ်မလို့လဲ"
"လျှာရှည်တာဆိုတာ ငမိုးရိပ်ရဲ့အဖေလားပဲ။ငါဘယ်သိမတုန်း..!"
ထုံပေပေကြည့်နေလိုက်တယ်။ယုံချင်စရာ တစ်စက်တလေမျှတောင် မရှိပေမယ့် ဆရာမအခေါ်တော်လွှတ်တယ်ဆိုတော့လည်း သွားရတာပေါ့။မဟုတ်လို့ကတော့
ကျွန်တော်တို့G-11 စာသင်ဆောင်က အပေါ်ဆောင်ဖြစ်ပြီး ဆရာမတွေကတော့ အောက်ထပ်တွင် နားနေခန်းမမည်တဲ့ အခန်းလိုလို ဘာလိုလို လှေကားနားက နေရာမှာ နားရတယ်။အောက်ထပ်လေးတင်မို့ ဖိနပ်မစီးဘဲ ဆင်းလာလိုက်တယ်။
"ဆရာမ.."
ဓာတုဗေဒ ဆရာမဆို ခပ်လန့်လန့်ရယ်။သူ့ဘာသာမှာ အမြဲတစ်ရာရပေမယ့် ဆရာမက ကြမ်းတော့ ဘာမှန်းမသိကို ကြောက်နေရတယ်။ကျောင်းသားအဖြစ်က တယ်သနားစရာကောင်းလှပါဘိ။
YOU ARE READING
ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်