အမှား၏စတင်ခြင်း သို့မဟုတ် အဆုံးသတ်
သီတင်းကျွတ်လပြည့်နေ့မရောက်မီ နှစ်ရက်အလို....
"အန်တီရေ...!"
"....."
"အန်တီ..."
ဒေါ်ထက်ဝတီမှ ခြံတံခါးဖွင့်လိုက်ကာ
"အဲ သား နေလင်းပိုင် ဝင်ခဲ့တာမဟုတ်ဘူး..."
"earphone လာပေးတာ အန်တီ..."
နေလင်းပိုင် ငှားထားတာကြာနေပြီဖြစ်ပြီး အခုမှသတိရ၍ ပြန်လာပေးခြင်းဖြစ်သည်။
"အယ်... သား.. တစ်ခါတည်းအိမ်ပေါ်တက်ထားလိုက်တော့ အန်တီဈေးဝယ်ဖို့ကျန်သေးတာ အခုမှသတိရတယ်..."
ပြောပြီး ပျာပျာသလဲဖြင့် ထွက်သွားသည်။
နေလင်းပိုင်လည်း စေ့ထားသောတံခါးအားတွန်းဖွင့်လိုက်သည်။ထိုအခါ သာယာတဲ့ဆည်းလည်းသံလေးတွေက ငြိမ့်ငြောင်းစွာထွက်ပေါ်လာသည်။
"ဟိန်းထက်! မင်းအိမ်ထဲမှာလား..!"
အော်ခေါ်သော်လည်း ပြန်ထူးသံမကြား၊အိမ်ထဲဝေ့ကြည့်တော့လည်း မတွေ့၊ဧည့်ခန်းထဲက စားပွဲပေါ်မှာပဲ ထားခဲ့ဖို့တွေးလိုက်ပေမယ့် ပစ္စည်းကသေးတော့ ပျောက်မှာစိုးရသည်။မထူးပါဘူးလေဟုတွေးကာ နေလင်းပိုင် ဟိန်းထက်ပိုင်၏အခန်းတံခါးအား ဖွင့်လိုက်သည်။သော့မခတ်ထားတဲ့ တံခါးတစ်ချပ်က မလုံခြုံစေဘူးဆိုတာ ဟိန်းထက်ပိုင် မေ့လျော့နေသလားမသိ။
အခန်းထဲဝင်လိုက်တော့ ပစ္စည်းတွေက သပ်သပ်ရပ်ရပ်ရှိသည်။စားကြည့်စားပွဲဆိုလည်း ရှင်းနေတာပဲ။
နေလင်းပိုင် စာကြည့်စားပွဲပေါ်တင်လိုက်ပြီးမှ
"တိုက်မိပြီးပြုတ်ကျနေဦးမယ် အံဆွဲထဲ ထည့်ခဲ့တော့မယ်..."
အံဆွဲကို အားနဲ့ဖွင့်လိုက်တာကောင့် တစ်အံလုံးအပြင်သို့ထွက်လာသည့်အခါ ပစ္စည်းတွေ ပြန့်ကျဲကုန်သည်။
"ဟာ..! ဟိန်းထက်သိတော့မှာပဲ..."
ပြန့်ကျဲသွားသည်များကို ပြန်ကောက်ထည့်သည်။
"ဟင်...!"
အပြာရောင် ဒိုင်ယာရီစာအုပ်ကလေးက ပွင့်လျက်သားဖြစ်နေသည်။နေလင်းပိုင် သူများကိုယ်ရေးကိုယ်တာဖြစ်တာကြောင့် မဖတ်ဖို့ကြိုးစားလိုက်ပေမယ့် စာရွက်ထဲမှာရေးထားတဲ့စာတွေက သူ့ကိုစူးစမ်းစေချင်နေသည်။
YOU ARE READING
ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်