အပိုင်း ငါး

69 3 0
                                    

သူနှင့်အတူ ဖြတ်သန်းရသည့် သီတင်းကျွတ်လပြည့်ည

ရွှေလရောင် သာသာဝင်းပ‌ကာ စန္ဒာလမင်းမှာ ကောင်းကင်ထက်ဝယ် ထွန်းလင်းတောက်ပလျက်ရှိသည်။ထိုသို့လသာနေသော ကောင်းကင်ထက်ဝယ် အလင်းရောင်အားထပ်၍ဖြည့်ပေးသော မီးပုံးလေးတို့ကိုလည်းတွေ့ရသည်။ကြယ်ရောင်တို့မှာလည်း တလတ်လတ်။မှိတ်လိုက်လင်းလိုက်နှင့် အစွမ်းကုန်တောက်ပပေးနေသော ကြယ်လေးတို့သည် သီတင်းကျွတ်လပြည့်ည၏ ပြယုဂ်တစ်ခုပင်ဖြစ်သည်။

လူတိုင်း၏အိမ်ကိုယ်စီတွင် မီးပုံးကလေးများချိတ်ဆွဲထားပြီး ဖယောင်းတိုင်မီးများထွန်းရုံသာမက ရောင်စုံလျှပ်စစ်မီးသီးလေးများနှင့်ပါ အလှဆင်လျက်ရှိသည်။

တဖျတ်ဖျတ် တလတ်လတ်ဖြစ်နေသော ကြယ်လေးများနှင့် မီးပုံးပျံတွေမှာ အမည်းရောင်စက္ကူပေါ်တွင်အဖြူရောင်ဆေးစက်ခြယ်ကာထားသလို လှချင်တိုင်းလှနေသည်။ဤကား သီတင်းကျွတ်လပြည့်နေ့ပင်တည်း။

"ဖေကြီးနဲ့မေကြီးပေါ်မှာ သား ကာယကံ ဝစီကံ မနောကံ ကံသုံးပါးနဲ့ပြစ်မှားစော်ကားမိပါတယ်။ခွင့်လွှတ်ပေးဖို့ ဝန်ချတောင်းပန်ကန်တော့ပါတယ်..."

ဟိန်းထက်ပိုင် သူစုထားသောမုန့်ဖိုးများနှင့် သူ့အမေအတွက် ပါတိတ်လုံချည်တစ်ထည်၊ပိတ်ဖောက်ဇာတစ်စနှင့် အဖေ့အတွက် မြင်းခြံပုဆိုးတစ်ထည်ဝယ်၍ ကန့်တော့သည်။အမေဖြစ်သူအတွက် ပိတ်စဝယ်ပေးခြင်းအမှုကိုတော့ ဘေးအိမ်က လမင်းငယ်၏အကူအညီနှင့်ဖြစ်သည်။

"ပြစ်မှားမိလည်း မေကြီးတို့ကခွင့်လွှတ်ပြီးသား။ဟုတ်တယ်မလား မောင်.."

ဟိန်းထက်ပိုင်၏အဖေဖြစ်သူသည် မိခင်ဖြစ်သူထက် ရှစ်နှစ်ကျော်ငယ်သည်။

"ဟုတ်တာပေါ့ အင်းပေါ့.."

"သားလေးကျန်းမာပါစေ၊ချမ်းသာပါစေ၊ပညာတတ်ကြီးဖြစ်ပါစေကွယ်.."

"ပေးတဲ့ဆုနဲ့ပြည့်ပါစေ မေကြီး.."

ဦးသုံးကြိမ်ကန်တော့သည်။လပြည့်နေ့ဆိုပြီး အထူးတလည်ဝတ်ထားခြင်းမရှိ။တီရှပ်အဖြူလက်တိုနှင့် အညိုရောင်ဘောင်းဘီတိုသာဝတ်ထားသည်။လပြည့်နေ့မှာ ပုဆိုးလေးဘာလေးဝတ်ပြီး ဘုရားတရားလုပ်ပါလားဆိုသည့် မိခင်အပြောအားငြင်းဆန်ကာ အိမ်နေရင်းဝတ်နေကျသာ ဝတ်ထားသည်။ပြီးတော့ ပြောသေးသည်။

ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်Where stories live. Discover now