Nextdoor (ဘေးအိမ်)
နေ့ရက်အလီလီ ကုန်ဆုံးလို့လာသည်။ပိတ်ထားသည့်အခန်းတံခါးရှေ့တွင် စာဆိုသံများဆူညံလို့နေသည်။တစ်ယောက်နှင့်တစ်ယောက် စာတိုင်ပင်သံများနှင့်သာပြည့်နှက်နေသည်
"ဟဲ့ ဒီအပုဒ်ပါမှာ"
"မဟုတ်ဘူး ငါထင်တယ်..ဒီအပုဒ် ကျန်းသေပေါက်..!"
"နင်ဘာသိလို့လဲ... ငါပြောတာပဲယုံစမ်းပါ.."
"နင်ကရော သိလို့လား?"
"တော်တော့..! ကိုယ်ရတဲ့အပုဒ်ပဲ ပါတယ်ပြောနေတာများ.."
မိန်းကလေးတို့၏ငြင်းခုန်သံ။
ဒီနေ့သည် G-11 bioခန်း၏ Bio ဖြေဆိုရမည့်နေ့ဖြစ်သည်။အစုလိုက် အဖွဲ့လိုက်စာကျက်နေကြသည်။တစ်ချို့ကလည်း စာမေးပွဲဖြေရမည်ကို မေ့နေသည့်အလား ပေါ့ပါးစွာနှင့် စကားပြောလိုက် ရယ်လိုက် လုပ်နေကြသည်။ဒါကလည်း စာရနေလို့ ဒါမှမဟုတ် ဒီစာမေးပွဲလောက်လေးကိုအာရုံမထားခြင်းဖြစ်သည်။
အောက်တိုဘာလ စာမေးပွဲဆိုသော်လည်း G-12 အတွက်အခြေခံရအောင်ဆိုပြီး အမှတ် ၁၀၀ ဖိုးဖြေရမည်ဖြစ်သည်။
နေလင်းပိုင်နှင့်ဟိန်းထက်ပိုင်အတွက်ကတော့ ဒီလိုစာမေးပွဲလေးက ဘာမှမဟုတ်။စတော်ဘယ်ရီသီးတွေဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့။
နေလင်းပိုင်က ငြိမ်ငြိမ်လေးသာရပ်နေပြီး ကျက်မှတ်ထားသော စာများအား ပြန်တွေးနေသည်။သို့သော် သူ့ဘေးနားတွင် အငြိမ်မနေသူတစ်ယောက်ကို မေ့နေပုံရသည်။ဘယ်ကရမှန်းမသိသည့် မြက်ရိုင်းပင်ကိုချိုးလာပြီး နေလင်းပိုင်၏မျက်နှာကို လာထိလိုက်၊နားရွက်နားကို လာထိလိုက်လုပ်နေသည်။
"ခွေးသားလေး အငြိမ်မနေနိုင်ဘူးလား..."
စိတ်အနှောင့်အယှက်လာပေးနေသည့် ဟိန်းထက်ပိုင်ကို နေလင်းပိုင် အယဉ်ကျေးဆုံး ဆဲလိုက်သည်။
"မင်း ဘယ်သူ့ကိုဆဲနေတာလဲ ငါ့အမေလား အဖေလား ပြန်တိုင်မှာနော်..."
"ငါ ဒီ..."
မဖြစ်တော့။သူထပ်ပြောနေလျှင် ကျွဲပါးစောင်းတီးရုံသာ ဖြစ်သည်ကြောင့် ထပ်ပြောမနေတော့။
YOU ARE READING
ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်