Attention Please
မနေ့က သရဲကိစ္စအား ဟိန်းထက်ပိုင် နေလင်းပိုင်ကို အခုထိမကျေနပ်သေးပေ။
ခြောက်မယ့်ခြောက် ရိုးရိုးသရဲမခြောက်ဘဲ ကိုရီးယားရူးတဲ့သရဲမအခြောက်ခံရတယ်လို့။
ကျစ်စုတ်သပ်ရင်း ညစ်ညူးနေသည်။
ရုတ်တရက်ပျံ့လွင့်လာတဲ့အသံ
"The major veins of the leaf is called the midrib,the continuation of petiole from where the veins are........"
Bio ကျက်နေတဲ့နေလင်းပိုင်၏အသံမှာ အရှေ့ခုနစ်အိမ်၊အနောက်ခုနစ်အိမ်ကြားနိုင်သည့် အသံ tone ရှိသည်။
ဟိန်းထက်ပိုင်ကတော့ စာကျက်လျှင်တစ်ကိုယ်စာ ကြားနိုင်သလောက်သာ တိုးတိုးလေးကျက်သည်။အခုတော့ ဘေးအိမ်ကတစ်ယောက်ကြောင့် သူစာကောင်းကောင်းကျက်မရတော့ပေ။
ဟိန်းထက်ပိုင်နှင့် နေလင်းပိုင်တို့သည် မိဘတွေလက်ထပ်ကတည်းက အိမ်ချင်းကပ်ရပ်ဖြစ်ပြီး အခုထိခင်မင်လာသည့်သက်တမ်းမှာ ကြာလာပြီဖြစ်သည်။နှစ်အိမ်လုံးကလည်း နှစ်အိမ့်တစ်အိမ်လို ဝင်ချည် ထွက်ချည်လုပ်လို့ရသည်။
မိဘတွေမှာ ရင်းနှီးသလောက် သူတို့နှစ်ယောက်ကတော့ တကျက်ကျက်ရန်ဖြစ်ကြသည်။ရန်ဖြစ်ရခြင်းကား ဟိန်းထက်ပိုင်က နေလင်းပိုင်စိတ်မဆိုးမချင်း လိုက်စတတ်ခြင်းကြောင့်ပင်။စရင်စ မစရရင် အကြောင်းမဟုတ် အကြောင်းတစ်ခုခုနှင့် အိမ်နီးချင်းသူငယ်ချင်းအား ဒုက္ခရောက်လိုရောက်ငြား စေတနာဖြင့် ချောက်ချဖြစ်သည်။ဟိန်းထက်ပိုင်သည် တစ်နေ့လောက် နေလင်းပိုင်အား မစရရင်အိပ်မပျော်စားမဝင်ဖြစ်တတ်သည်။
စနေဖြစ်လင့်ကစား ကျောင်းမတက်ရပေမယ့်လည်း အိမ်ရှေ့တွင် စာအော်ကျက်နေသော နေလင်းပိုင်အား တစ်ချက်ရှိုးမိလိုက်သည်။နေလင်းပိုင်သည် အသက်ဆယ့်ခုနစ်နှစ်ပဲရှိသေးပေမယ့် အရပ်ကတော့ အတော်ရှည်နေပြီဖြစ်သည်။အရပ်နှင့်လိုက်ဖက်စွာ အချိုးကျတဲ့ကိုယ်ထည် ကြည့်ကောင်းတယ်ဆိုတာထက်ပိုတဲ့ရုပ်ရည် ပန်းရောင်ပြေးနေသည့်နှုတ်ခမ်းဖူးဖူး မျက်ခုံးမထူမပါးနှင့် ကြည်တောက်နေသည့် မျက်လုံးညိုညိုတွေကို ပိုင်ဆိုင်ထားသည်။
YOU ARE READING
ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်