အပိုင်း လေး

81 1 4
                                    

အတိတ်၏လျှို့ဝှက်ချက်

"သီတင်းကျွတ်ညလေးတစ်ည ပြန်လည်ကာ အမှတ်ရမိပါတယ်~~

မီးကလေးတွေထွန်းတော့စည်ပါတယ် လမ်းထဲမှာကွယ်~~"

ဟိန်းထက်တို့ရပ်ကွက်ထဲရှိ ပျံ့လွင့်လာတဲ့ ချဲ့စက်အသံ

သီတင်းကျွတ်ရောက်ပြီမို့ ဟိုနေရာက သီတင်းကျွတ်သီချင်းသံ၊ဒီနေရာကလည်း သီချင်းသံ နေရာတကာ စည်စည်ကားကားဖြစ်နေသည်။

ကုန်စုံဆိုင်တွေတွင်လည်း ပြောင်းလဲလာတဲ့ခေတ်အရ ဗျောက်အိုး၊မီးရှူးမီးပန်းများ အပြိုင်အဆိုင်ရောင်းချနေကြသည်။ဈေးထဲတွင်လည်း ဆွမ်းတော်ကြီးကပ်ရန် သစ်သီးဝလံနှင့်မုန့်များဝယ်နေကြသူတွေကလည်းမရှား။

အလုပ်ပိတ်ရက်ဖြစ်တာကြောင့် ရှားရှားပါးပါးနားခွင့်ရသည့် ဒေါ်ထက်ဝတီသည်လည်း သားဖြစ်သူနှင့် ဈေးထဲတွင်အသီးများဝယ်နေသည်။

"မေကြီး ပန်းသစ်တော်သီးများများဝယ်.. သားကြိုက်တယ်.."

"ဟဲ့...!ဘုရားကပ်မှာ နင်စားဖို့များ မှတ်နေလား!"

"ဆွမ်းတော်စွန့်ရင် စားရမှာပဲကို..."

"အခုကတည်းက ချောင်းနေပြီ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဖြစ်နေရော့လား..."

"ဟီး"

သူလုပ်နိုင်သည်မှာ သွားသာဖြီးပြခြင်းဖြစ်သည်။

"စပျစ်သီးက အစုံဝယ်မေကြီး ဟိုကောင်ကြိုက်တယ်..."

"တယ်... ဒီကလေးတော့.."

"မေကြီးကလည်း ဆွမ်းတော်ကပ်ဖို့ကသက်သက်ဝယ်... စပျစ်သီးက သားအခုစားမလို့ဝယ်ခိုင်းတာပါဗျာ..."

"အင်းပါ အင်းပါ"

သားဖြစ်သူစကားတော့နားထောင်ရသား။ထို့ကြောင့်ဒေါ်ထက်ဝတီတစ်ယောက် စပျစ်သီးအခိုင်လိုက် ဝယ်ပေးလိုက်သည်။

ပန်းသီး၊လိမ္မော်သီး၊စပျစ်သီး၊ပန်းသစ်တော်သီး စတဲ့အသီးတို့သာဝယ်လိုက်သည်။သစ်သီးကိုးမျိုးပြည့်ရန် ခြံထဲက အသီးတို့အားခူးလိုက်ရင်ရသည်။ဟိန်းထက်ပိုင်တို့အဖေက ခြံစိုက်တဲ့သူဆိုတော့ ခြံထဲမှာမရှိသည့်အသီးလောက်သာ ဝယ်ရသည်။

ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်Where stories live. Discover now