FriEND
လရောင်ဖျဖျအောက်တွင် ဟိန်းထက်ပိုင်၏မျက်နှာသည် ဆွေးမြနေသည်။ဒီနေ့က သူအညာမှာနေရမယ့် နောက်ဆုံးည။မနက်ဖြန်ဆို ရန်ကုန်ကိုပြန်ဆင်းရတော့မည်။ရန်ကုန်ကို ပြန်ရောက်ရင် သူဘယ်လိုမျက်နှာနှင့် နေလင်းပိုင်ကို ရင်ဆိုင်ရမလဲ။နေလင်းပိုင်ကတော့ သူ့ကိုအရင်လိုပဲ ဆက်ဆံမည်ဆိုတာ သူသိသည်။ဒါက ဘာလဲ သူငယ်ချင်းအဖြစ်ပဲ ဆက်နေရမယ် ဆိုတာလား။တွေးရင်းနှင့် ရယ်ရလောက်သည့် အဖြစ်။
ဟိန်းထက်ပိုင်၏မိခင်သည် အညာသွေးတစ်ဝက်၊ရန်ကုန်တစ်ဝက်ဖြစ်သည်။ဟိန်းထက်ပိုင်၏ အဘွား ဒေါ်ထက်ဝတီ၏မိခင်သည် ရန်ကုန်သူဖြစ်ပြီး အဘိုးမှာ အညာသားလေးဖြစ်သည်။အဘိုးက အဘွားကိုယူလိုက်တော့ သျှောင်ထုံးနောက် ဆံထုံးပါ ဆိုသလို အညာမြေမှာပဲ ခြေချကြသည်။သူ့အဘိုးနှင့်အဘွား၏ ရေစက်ပါပုံကို တွေးရင်း အလိုလိုပြုံးမိလာသည်။
ဒီမှာက မြို့လိုမဟုတ်။ညဆိုလျှင် အရမ်းတိတ်ဆိတ်လွန်းသည်။ရှစ်နာရီရောက်ပြီဆိုတာနဲ့ ရွာလုံးကျွတ် မီးပိတ်ပြီး အိပ်ကုန်ကြပြီ။သူကတော့ အိပ်မပျော်နိုင်ဘဲ ပြတင်းပေါက်ကနေ မြင်နေရသည့် လမင်းကိုသာ ငေးရင်း ကြယ်တွေကိုသာရေတွက်ရင်းတစ်စုံတစ်ယောက်အား လွမ်းနေမိသည်။
ကံတရားရယ် မမျှတလိုက်တာ
ကံတရားကိုပဲ အပြစ်တင်ရမလား။သူ့ကိုယ်သူပဲ အပြစ်တင်ရမလားမသိတော့။သက်ပြင်းအခါခါချရင်းနှင့်သာ ဒီည သူအိပ်ပျော်နိုင်ဖို့သာ ကြိုးစားနေမိသည်။
'ယောကျာ်းလေး မိန်းကလေးရယ်လို့
သတ်မှတ်ထားတဲ့ စည်းကို မုန်းလိုက်တာ
ငါက မိန်းကလေးဖြစ်ချင်တာမှမဟုတ်ဘဲ
မင်းကိုပဲ ချစ်ချင်တာလေ။ကာရံထားတဲ့ စည်းတွေရဲ့အခြားတစ်ဖက်မှာတော့..
အေးချမ်းရာကမ္ဘာငယ်လေးကို
တည်ဆောက်နိုင်မယ် ထင်ပါရဲ့...။ဆုတောင်းတွေပြည့်ဖို့
ချစ်ရသူနဲ့ပေါင်းဖက်ဖို့
ဘယ်နတ်ဘုရားကို အပူကပ်ရပါ့မလဲ...ကြယ်တွေကိုရေတွက်ရင်း
မောလာခဲ့ရင် မင်းရင်ခွင်ထဲတိုးဝင်မှ
အမောပြေမယ်ထင်တယ်...။'
YOU ARE READING
ကာရံထားသည့်စည်းများ၏ အခြားတစ်ဖက်တွင်