13

93 19 2
                                    


ကျွန်တော့်မှာ လုပ်ချင်စရာတွေ အများကြီး အများကြီး ရှိနေသေးပါသည်။

အရင်က ဒီအရာတွေက ကျွန်တော့်အတွက် အဓိပ္ပါယ်တွေ ပြည့်နှက်နေပေမယ့်လည်း အခုတော့ တခြားလူအတွက် မင်္ဂလာဝတ်စုံ ဖန်တီးနေရသကဲ့သို့ ခံစားရသည်။

ဘာအမှတ်တရမှ မရရှိနိုင်တော့တာနဲ့ ဆင်တူလှပါ၏။

ဒါကြောင့် ကျွန်တော်တွေးလိုက်တော့တာက ကျွန်တော် လက်လွှတ်ပေးလိုက်တော့မယ်။


*


ကျွန်တော် မိဘနှစ်ပါးကို သွားရောက်ကြည့်ရှုချင်၏။
မိဘများက ကျွန်တော် ကျိချင်းအား မခေါ်လာခဲ့၍ မပျော်မရွှင်။ ကျွန်တော်ပြုံး၍သာ မိဘများအား ပြောလိုက်ရ၏။:“သူဒီရက်အတွင်း အလုပ်ရှုတ်နေတာ၊ ကျွန်တော်ကလည်း ဒီရက်မှပဲ လာဖြစ်တာလေ၊ သူလည်း ကျွန်တော်နဲ့အတူတူ လိုက်လာချင်နေခဲ့တာပါ”

“တစ်ကယ်လား?” ကျွန်တော့မားက သံသယဖြစ်စွာ မေးလာသည်။ “မင်းတို့ တစ်ကယ်ပဲ ရန်ဖြစ်ထားတာတော့ မဟုတ်ပါဘူးမှတ်လား?မင်းကိုကြည့်ရတာလည်း အခုတလော ထူးထူးဆန်းဆန်းနဲ့”

ကျွန်တော် နှုတ်ခမ်းကို ဖွဖွလေးကိုက်လျက် ပြုံးလိုက်သည် ။

“တစ်ကယ်……အများကြီး ထူးဆန်းနေတာလား?”

“အာ,မားလည်း ပြောချင်နေတာ”

ကျွန်တော့မား ပြောရင်းနဲ့ပဲ တစ်ခုခုကို တွေးနေပုံရပြီး မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေနေလျက် ထပ်ဖြည့်ပြေလာခဲ့သည်။ "ဒါပေမဲ့လည်း အချိန်တွေကြာလာတာနဲ့အမျှ အချိန်ကပဲ ဆုံးဖြတ်ပေးသွားတာပဲလေ၊ မင်းကလေ,အသက်ကကြီးလာပြီး ငယ်တော့တာလည်း မဟုတ်တော့ပဲနဲ့……”

အမှန်ပါပဲလေ။

အမှန်တရားကတော့ အတုယောင်ကျယ်အန်း လုပ်နိုင်ခဲ့သမျှ အရာအားလုံး ကျွန်တော် မလုပ်နိုင်ခဲ့ပါ။ သူတို့ပြောတာ အားလုံးအမှန်တွေချည်းပါပဲ။ ပြန်ရောက်လာပြီးနောက်ပိုင်း သူ့ဆီကနေ သင်ယူနိုင်ဖို့ အများကြီးကို ကြိုးစားခဲ့ရပြီး ပြန်ရောက်လာပြီးလည်း သူ့levelအဆင့်ထိ ရောက်နိုင်ဖို့အတွက် ကြိုးစားခဲ့ရသည်။

他的礼物 「His present」 သူ့ရဲ့လက်ဆောင်မွန်Where stories live. Discover now