Ep6

122 16 2
                                    


ပြန်ရောက်လာပြီးကတည်းက ကျွန်တော်ရဲ့ စိတ်ပိုင်းဆိုင်ရာဟာ များစွာသော ပြောင်းလဲခြင်းများစွာကို ရင်ဆိုင်လာရတော့သည်။

အစပိုင်းတုန်းက ထိတ်လန့်မိသည်။ ခက်ခဲလာသည်။ရုန်းကန်ခဲ့ရသည်။ အလယ်ရောက်ကာမှ မရပ်တန့်လိုက်ချင်ပါ။ ကြိုးစားခဲ့သည်……အဆုံးစွန် အချိန်ထိ မထွက်ခွာဖို့ရာနှင့် ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ရာအတွက်ပင်။

ကျွန်တော်တစ်ကယ်ကို အများကြီးကြိုးစားအားစိုက်ထုတ်ခဲ့ရသည်က အမှန်တရားပါလေ။

ကျွန်တော် ရင့်ကျက်တည်ငြိမ်ဖို့ရာ ကြိုးစာရင်းဖြင့် အသားရေ ထိန်းသိမ်းသည့် skin care ပစ္စည်းများကို မိဘများထံပို့လိုက်လေ၏။ မိဘတွေ၏ ကိစ္စရပ်များကို ဝေမျှကူညီဖို့ရာကို ဘဝတွင် သင်ယူခဲ့ရသည်။

ဒါပေမဲ့လည်း ဖြစ်နိုင်တာကတော့ အရင်ဘဝတစ်ဝက်ကတော့ အရမ်းကို ပေါ့ပါးနေခဲ့ပြီး ကျွန်တော် အရင်က လုပ်ခဲ့တာတွေက မကောင်းပေမဲ့လည်း မိဘတွေက သက်ပြင်းချလျက် မပြောပါဘဲ ပြုံးလျက်သာ တာဝန်များကို လွှဲပြောင်းယူခဲ့လေ၏။
(ဘဝတစ်ဝက် = ကလေးဘဝ)

"ထားလိုက်တော့ ထားလိုက်တော့၊ မလုပ်ချင်ဘူးဆိုရင်လည်း သွားနားလိုက်ပါတော့”  သူတို့က သိနေသလိုပြောခဲ့သည်။

ကျွန်တော် ရှက်ရှက်နှင့် ပြောလိုက်၏။:“မဟုတ်,သားတစ်ကယ်ကို မလုပ်တတ်သေးတာပါ……” ငါးကိုဆေးပြီး ကြေးခွံချွတ်ထားပေမဲ့ သူတို့(မိဘ)က ယုံကြည်ပုံမရပါ။ ကျွန်တော့်ကို မီးဖိုဆောင်ထဲက အတင်းထွက်ခိုင်းလေ၏။

တစ်ကယ်တော့ ကျွန်တော်သင်လို့ရပါသည်။ ထပ်ခါထပ်ခါ ကြိုးစားရင် အဆင်ပြေနိုင်ပါသည်၊ သိပါလေစွ?

ဒါပေမယ့် ကျီအန်း က ကျွန်တော်ရဲ့ လေးနက်တဲ့ သင်ယူမှု လုပ်ငန်းစဉ်ကို ပြီးပြည့်စုံတယ်လို့ မယူဆခင်ကတည်းကပင် သူကအဲဒါကို ကောင်းကောင်းသိခဲ့ပါ၏။

အိုင်း။

*

ကျွန်တော့်ဆီ relationship အကြောင်းရာများ တိုင်ပင်ဆွေးနွေးရန် ရောင်လာလေ့ရှိသော ဖုရှန်းကိုလည်း အမျိုးမျိုးသော အကြံဉာဏ်များ ပေးနိုင်ရန်အတွက်လည်း သင်ယူခဲ့ရသည်။

他的礼物 「His present」 သူ့ရဲ့လက်ဆောင်မွန်Where stories live. Discover now