အချပ်ပို ကျယ်အန်း2

77 17 0
                                    

အချပ်ပို ကျယ်အန်း2

သူ့အနေနှင့် ကျယ်အန်းအသစ်နှင့် ပတ်သက်၍ မည်သို့ ခံစားရသည်ကို ပြောပြရန်အတွက် သူ့အတွက် ခက်ခဲလှပေသည်။

ဒါပေမယ့် သူသတိထားသလိုပင်  အဲ့ဒီ့လူရဲ့ကိုယ်ရည်ကိုယ်သွေး၊ စားသောက်မှုအလေ့အကျင့်နှင့် လူနေမှုပုံစံတို့က သူသိသော ကျယ်အန်းနှင့် လုံးဝကွဲပြားနေသည်ကို မကြာခင်၌ သူတွေ့ရှိခဲ့ပါ၏။

အတိတ်မေ့သွားတာလား? စရိုက်ကွဲလား?  ဒါမှမဟုတ် လုံးဝခြားနားတဲ့လူလား?  ထိတ်လန့်တုန်လှုပ်မိသွားကာ နောက်ဆုံးတွင် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် တွန်းလှန်ပစ်ရင်း လက်ရှိ ကျယ်အန်းကို အချိန် ခဏတာလောက် စောင့်ကြည့်ရန် ရွေးချယ်ခဲ့ပါသည်။

မထင်မှတ်စွာပင် ကျယ်အန်းက ယခုလူဆိုးကောင်လေးနှင့် လားလားမှ တူညီမှုမရှိခဲ့ပါ။ အဲ့ဒီ့ကောင်လေးက ကိုးယို့ကားယားနိုင်ပြီး အကောင်းမြင်တတ်သူသကဲ့သို့ ပိုကောင်းမွန်သည့် ဘဝတစ်ခုကို လိုချင်နေခဲ့ပုံပင်။ သူက ကျယ်အန်းမလုပ်ခဲ့ဖူးလေသည့်ကိစ္စ အသေးမွှားလေးတွေကိုပင် များစွာ ပြုလုပ်ခဲ့ပါ၏။

သူကလည်း ကျယ်အန်းထွက်သွားနှင့်ပြီဆိုတာ သိသော တစ်ယောက်တည်းသာ ဖြစ်လမ့်မည်ဟု တွေးမိလိုက်ပါသည်။

ထိုကောင်လေးထံ မကောင်းသော အကြံအစည်မရှိတာ သေချာလေမှ သူ အဲ့ဒီ့မေးခွန်းကို မေးလိုက်ပါ၏။

ကျယ်အန်း ဘယ်ရောက်သွားတာလဲ၊ သူ ဘယ်အချိန်ပြန်လာမှာလဲ။

ကျယ်အန်းက မထင်မှတ်ထားသကဲ့သို့ ထိတ်လန့်သွားပြီးမှ ပြုံးကာ သူပြန်ပြောလာခဲ့ပါသည်။ ကျယ်အန်းပြန်မလာတော့ဘူးတဲ့။

သူက သူ့ကိုယ်သူ အစကတည်းကကျယ်အန်းလို့တောင်ပင် ပြန်ပြောလာခဲ့သည်ပင်။

သူက ရယ်ချင့်စရာကောင်းပြီး ကို့ရိုကားယားအပြုအမူတွေနှင့် သူ့ကိုယ်သူကြိုးစားလေပြီး သူ(ကျိချင်း) လက်ခံမြင်သာလာအောင်ပင် ကြိုးပမ်းလာချေသည်။ ဒါပေမယ့် သူက တစ်ဖက်လူရဲ့ ဖြစ်တည်မှုကို လျစ်လျူရှုထားခဲ့ပါ၏။  သူ့ကို ခွင့်လွှတ်ဖို့နှင့် သူ့ကို ယုံကြည်ဖို့ကလည်း ခက်ခဲခဲ့ပါသည်ပင်။  သူ(ကျိချင်း) က သူ့(ကျယ်ချင်း) ကို စိတ်ဆိုးသွားသည်ထင်နေပါရဲ့။

他的礼物 「His present」 သူ့ရဲ့လက်ဆောင်မွန်Where stories live. Discover now