အချပ်ပို ၄

84 18 1
                                    

“ကျယ်အန်း” ဆေးရုံကဆင်းပြီးတာနှင့် ကုမဏီပြောင်းရွေ့ခြင်း၊ ပစ္စည်းများအားလုံးတို့အား နေရာသစ် ရွေ့ပြောင်းခြင်းနှင့် နေထိုင်ရမည့်နေရာရှာဖွေခြင်း ဘဝအသစ်စတင်ခြင်းတို့အား အရင်ဦးဆုံး လုပ်ဆောင်ခဲ့ပါချေ၏။

ဘဝသစ်စတင်ဖို့ရာ အဆင်သင့်မဖြစ်သေးပေမဲ့လည်း အဲ့ဒီ့ကောင်လေး.......အတွက် ကောင်းကောင်းမွန်မွန်လေး ရှင်သန်သွားချင်ရုံလေးသာ။

ကျိချင်းက လုံးဝမတားခဲ့ပါချေ။ သူနဲ့ကျိချင်း အကြည့်ချင်း ခဏတာစုံခဲ့ပြီးနောက်မှ တစ်နေရာသို့ အလျင်အမြန်ပင် အကြည့်လွှဲလိုက်ကြပါ၏။ အဲ့တာက ထူးဆန်းလှသည်ပင်။ အရင်ကသူတို့သည် အမြဲတမ်းပင် သူငယ်ချင်းကောင်းများဖြစ်ခဲ့ကြပြီး တစ်ခြားသူများ၏ မျက်လုံးတို့တွင် 'အကောင်းဆုံးစံပြအတွဲ" ဖြစ်ခဲ့ပါလေ၏။ ဒါပေမဲ့ ဒီနေ့မှာတော့  သူတို့ အချင်းချင်း စကားပြောကြဖို့တောင် သတ္တိမရှိခဲ့တော့ပါချေ။

သူသည် လေထဲကနေ စီးကရက်နှင့် အရက်နံ့ပြင်းပြင်းကို ပြင်းပြင်းထန်ထန် အနံ့ခံလိုက်ရပါလေသည်။  အနည်းငယ် အံ့အားသင့်သွားပေမဲ့လည်း အလွန်အမင်း မတွေးချင်တော့ပါပေ။  သူ ဝမ်းနည်းသလိုတော့ ခံစားလိုက်ရသည်။

ဒီအချိန်အတွင်း သူ နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ကို ရုတ်တရက် သတိပြုမိလိုက်မိပါ၏။  အထူးသဖြင့် ညံ့ဖျင်းစွာ ရေးဆွဲထားသော ကာတွန်းပန်းချီတစ်ခုပင်။ ဒါပေမဲ့ စိတ်ရင်းနှင့် ကြည့်မှသာလျှင် မျည်းတစ်ကြောင်းစီကပင် သိမ်သိမ်မွေ့မွေ့နှင့် သေသေချာဆွဲထားပြီး ပန်းချီဆွဲသူက အမှားလုပ်မိမှာ စိုးရိမ်သလိုမျိုးနှင့် ကာလာအရောင် အတွဲစပ်တို့အား သေသေချာချာ အသုံးပြုရေးဆွဲထားသည်ကို တွေ့မြင်နိုင်လိမ့်မည်ပင်။

ပန်းချီကားသည် ကြည်လင်သော ကောင်းကင်ပြာဖြင့် နွေရာသီကို ပုံဖော်ထားပါ၏။။  ကျောင်းဝတ်စုံဝတ်ထားသည့် ကောင်လေးတစ်ယောက် ဘတ်စကတ်ဘောကစားနေခဲ့ပြီး နေရောင်ခြည်သည် သူ့မျက်နှာပေါ်သို့ ကျရောက်လျှက်ရှိကာ ကောင်လေး၏ သွင်ပြင်က တောက်ပနေသကဲ့သို့။

他的礼物 「His present」 သူ့ရဲ့လက်ဆောင်မွန်Where stories live. Discover now