အိပ်ဆေးအကူအညီမပါတဲ့ညပိုင်းတွေမှာ ကျွန်တော့်အိပ်ပျော်နိုင်ဖို့ရာ ပိုပြီး ခက်ခဲလာလေတော့သည်ပင်။
ကျိချင်းက အိပ်ပျော်ဖို့ရာအတွက် အိပ်ဆေးသောက်ခွင့်မပြုပါ။ ထို့ကြောင့် ကျွန်တော်လည်း ကိုယ့်ဘာသာကိုယ် အိပ်ပျော်ဖို့ရာအတွက် အားစိုက်ထုတ်ရ၏။ ရှည်လျားလွန်းလှသည့်ညတွေက တကယ်ကို ခံနိုင်ရည်ရှိဖို့ ရာအတွက် ခက်ခဲပေမယ့်လည်း ခံနိုင်ရည်သာရှိမယ်ဆိုရင် အရေးမကြီးဘူးလို့ ထင်မိပါ၏။ ပန်းချီကား ပြီးခါနီးပြီ။ ဒုက္ခတွေ ......အားလုံး ပြီးသွားတော့ချေမည်။
ကျိချင်းက ကျွန်တော့်ကို လျစ်လျူရှုထားဆဲပါ။ သူအလုပ်အရမ်းများသည့်အတွက် ကျွန်တော် ညဘက်တွေမှပင် သူ့အား မြင်တွေ့ခွင့်ရပေသည်။ တစ်ခါတလေ ညဘက်တွေတောင် နောက်ကျတက်၏။ သူရဲ့အလုပ်က မကြာသေးခင်ကစပြီး လူမှုရေးပွဲတွေကို မကြာခဏတက်ရောက်ရန် လိုအပ်နေသကဲ့သို့ ရက်အတော်ကြာကြ ဆက်တိုက်ကိုပင် အရက်မူးခဲ့သည်က ယာဉ်မောင်းကိုပင် သူ့အား အိမ်ပြန်ခိုင်းခဲ့ရသည်အထိပင်။
ကျွန်တော်သူ့ကို သယ်ပေးလိုက်တော့ သူ့က ကျွန်တော့်အား မှီတွဲရင်း ဝိုးတဝါးနှင့် မှိန်းမောစွာမှီခိုကြည့်လာရင်းနှင့် ကြင်နာစွာ ခေါ်လာ၏:“ကျယ်အန်း”
တစ်ခါတစ်လေတော့လည်းလေ သူ့ကို အမြဲတမ်းသောက်ဖို့ရာ မျှော်လင့်မိပါသည်။
ဘာလို့ဆို အဲ့ဒီအချိန်အတွင်းမှာ သူနည်းနည်းလေးတောင်မှ အေးစက်မနေပါ(အပြုအမူ၊စိတ်ထား) သူ့နှုတ်ခမ်းနှင့်သွားကြားထဲကနေ ကျယ်အန်းအမည်နာမအား နွေးထွေးစွာပင် ခေါ်ဆိုတတ်သည်။ ဒီလိုမျိုး ခက်ခက်ခဲခဲ ရရှိလာသည့် နွေးထွေးမှာမျိုးကို ဘယ်လိုနည်းနဲ့မှ ရရှိဖို့ရာ မလွယ်ကူသည့်အတွက်_ _
ကျွန်တော်သေချာပေါက်ကို သိတာပေါ့ သူခေါ်ဆိုနေသည့် အမည်နာမက ကျွန်တော်မဟုတ်သည်ကိုလေ။
ကျယ်အန်း။
ကျွန်တော် ဘာမှ မလုပ်ရက်တော့ပါဘဲ တိုးတိုးလေး ပင် သူ့ကို တုံ့ပြန်လိုက်ပါ၏:“ငါဒီမှာရှိနေပါတယ်”
YOU ARE READING
他的礼物 「His present」 သူ့ရဲ့လက်ဆောင်မွန်
Cerita PendekTitle :His present Author :又蓝 「youlan」 #OE 「Open Ending」