ကျွန်တော် နိုးလာသောအခါ ကျိချင်းက ကျွန်တော့်ဘေးနားတွင် အိပ်မောကျနေပေ၏။
ကျွန်တော် မသက်မသာခံစားရပေမဲ့လည်း ရက်အတော်ကြာ အိပ်ရေးပျက်ပုံရသည့် သူ့မျက်နှာအား မြင်ရပြန်လေတော့ နိုးဖို့ရာအတွက်မတွန်းလှန်နိုင်ခဲ့ပါချေ။
ကျိချင်း……ကျွန်တော့်အနား အဖော်ပြုပေးနေသည်ပင်။
စိတ်လှုပ်ရှားမိသွားတာလား ရင်ခုန်မိသွားတာလာဆိုတော့ သေချာမပြောတတ်တော့ပါ။ ဒါပေမဲ့လည်း ဘယ်လိုပင် ဖြစ်ပါစေ ကျွန်တော် ထိုသူအား နက်နက်ရှိုင်းရှိုင်းပင် သဘောကျနေဆဲပါလေ။
အိုင်း၊ အခုတော့……မှားခဲ့ပြီးတာတွေက မှားခဲ့ပြီးပြီပဲလေ။
ကျိချင်းက ကျွန်တော်၏ လှုပ်ရှားမှုကြောင့်ထင် နိုးသွားပါ၏။ သူမျက်ဝန်းဖွင့်ကာ ကျွန်တော့်အား လှမ်းကြည့်လာလေပြီး ခဏတာ မှင်သက်ပြီးကာမှ တိုးတိုးသက်သာ ပြောလာပါ၏။ ".....မင်းနိုးလာပြီလား၊ ငါ ဆရာဝန်သွားခေါ်ပေးမယ်"
“ကျိချင်း” သူသွားတော့မှာကိုတွေ့တော့ ကျွန်တော် အမြန်ပင် သူ့ကိုခေါ်လိုက်ပါ၏။
ဘာဖြစ်လို့မှန်းလဲ မသိခဲ့ပါချေ။ သူကျောခိုင်းထွက်သွားမည်ကို နက်နက်ရှိုင်းရှိုင်းပင် ကြောက်နေမိလေသလား?
“မင်းအဖော်ပြုပေးလို့ ကျေးဇူးပါနော်”
သူစိတ်ရှုတ်ထွေးသည့်ပုံစံနှင့် အသံတိုးလေးနှင့်ပြောလိုက်သည့် ကျွန်တော့်အား ကြည့်လာခဲ့တော့သည်။
ကျိချင်းက သူ့မျက်နှာထက် ဘာအမူအရာမှမရှိပေမယ့်လည်း ကျွန်တော်ပြောလိုက်သည်ကိုကြားလိုက် သည့်အခါ သူက လေးလေးနက်နက်နှင့် မျက်မှောင်ကြုတ်လိုက်ပြီး ကျွန်တော့်ဆီ ခြေလှမ်းကျဲနှင့် လျှောက်လာလျက် ငုံ့ကြည့်လာခဲ့တောလေ၏——
“မင်းသေချာနားထောင်၊ ငါမင်းရဲ့ စိတ်အနှောက်ယှက်ဖြစ်စရာ ဘာစကားတွေကိုမှ ထပ်ပြီးနားမထောင်ချင်ဘူး”
ကျွန်တော် ခဏလောက် သူ့ရဲ့ ဆိုလိုရင်းအား နားမလည်နိုင်ဖြစ်သွားခဲ့ရသည်ပင်။
YOU ARE READING
他的礼物 「His present」 သူ့ရဲ့လက်ဆောင်မွန်
Historia CortaTitle :His present Author :又蓝 「youlan」 #OE 「Open Ending」