အချပ်ပို ကျယ်အန်း၁

85 15 0
                                    

ကျိချင်းသည် ချစ်သူများနေ့တွင် ဆေးရုံသို့ဖုန်းဆက်လိုက်ရလေသည်။ အဘယ်ကြောင့်ဆိုရသော် ရေချိုးခန်းထဲ၌ လူတစ်ယောက် လက်ကောက်ဝတ် လှီးဖြတ်ကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့သောကြောင့်ပင်။

သူပြောခဲ့သည့်စကားများကို မရှင်းလင်းနေလို့များလား ဘာလို့များ အစားထိုးကျယ်အန်းက နေ့တိုင်းနေ့တိုင်းကို ဒီလောက်အထိကို ရူးနှမ်းနေရသလဲ သူမသိတော့ပေမယ့်လည်း နေ့စဉ်နဲ့အမျှ အဆိုးမြင်စိတ်တွေက ပိုပြီး များလာခဲ့သလို နောက်ဆုံးအကြိမ် ကလည်း အိပ်ဆေးသောက်သည်၊ ဒီတစ်ခါတော့ လက်ကောက်ဝတ်ကို ဖြတ်ပစ်သည်ပင်၊ နောက်တစ်ခါ ဘာထပ်လုပ်မှာလဲ?

ဆေးရုံဆီသို့ အမြန်ပင် သွားခဲ့ပေမယ့် ဆေးရုံရှိတံခါးကို မရောက်မချင်း သူ့လက်ချောင်းတွေဟာ ဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမှန်း သိလိုက်ရပြီးနောက် လက်ဆစ်တွေ ဖြူဖျော့လာကာ နာကျင်လာရပါ၏။

သူမဝံ့မရဲဖြင့် သူ့လက်ချောင်းတို့ကို ဆုတ်ကိုင်လိုက်သည်။

ကျရှုံးခဲ့ပါ၏။

သူ သူ့ကို စိတ်ပူပါ၏။ သူက ကျယ်အန်းဟုတ်သည်ဖြစ်စေ...... မဟုတ်သည်ဖြစ်စေ၊ အတိအကျပြောရလျှင် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာတို့က  ကျယ်အန်းဖြစ်သလို ခန္ဓာကိုယ်လည်းဖြစ်ချေ၏။

အဲ့ဒီ့လူက……မိမိကိုယ်မိမိ သတ်သေရန်ကို အမြဲလိုလို နှစ်ခြိုက်ပြီး သူ(ကျိချင်း)၏ အာရုံကိုရရှိရန် မိမိကိုယ်ကို နာကျင်ခံကာ ဤနည်းဖြင့် ကျယ်အန်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လာခြင်းကို လက်ခံလိမ့်မည်ဟု တွေးထင်ခဲ့သည့်ပုံပင်။

သူကျယ်အန်းကို သဘောကျနေသည်ခဲ့မှာ အရမ်းကို ကြာနေခဲ့ပြီပင်။

အဲ့ဒီ့ကောင်လေးကို ပထမဆုံး စတွေ့ချိန်တုန်းက ရှက်တတ်ပြီး ချစ်စရာကောင်းသည်။ အားကစားခန်းမဆီစရောက်လာကတည်းကပင် သတိထားမိခဲ့ပြီး _ _ အဲ့ဒီကောင်လေးက သူသဘောကျသည့်ပင်ကိုယ်ပုံစံအတိုင်းလေးသာ နေနေသောကြောင့်ပင်။

အဲ့ဒီ့ကောင်လေးက မိန်းကလေးတစ်ယောက်နဲ့ အားကစားရုံကို မကြာခဏ ရောက်လာတတ်ပြီး ကောင်မလေးက သူ့ရည်းစားလို့ ထင်မိသည့်အတွက် သူ့ကို သိပ်ဂရုမစိုက်ချင်တော့ပေမယ့် စိတ်ထဲမှာ နည်းနည်းလေးတော့ ဝမ်းနည်းသွားမိပါသည်။

他的礼物 「His present」 သူ့ရဲ့လက်ဆောင်မွန်Where stories live. Discover now