အပိုင်း (၂၁)

1.2K 52 6
                                    

တိမ်လွှမ်းသောကောင်းကင်
အပိုင်း(၂၁)

ရုပ်ရှင်ရုံတွင်...
ဇာတ်ကားတွေက အများအပြား...

ကာတွန်းဇာတ်လမ်း၊ နိုင်ငံခြားကသဲထိပ်ရင်ဖိုရုပ်ရှင်၊ ထိုင်းသရဲကား၊ ဖိလစ်ပိုင်က မိသားစုအရှုပ်အထွေး၊ ရင်စို့ဖွယ် drama ဇာတ်ဝင်ခန်းများများနဲ့ မြန်မာအချစ်ဇာတ်လမ်း။

ရွေးချယ်စရာတွေများလွန်းတဲ့အထဲမှ ခုနက မြန်မာဇာတ်လမ်း “သူငယ်ချင်းမို့...(တစ်ဖက်သတ်အချစ်ဆိုတဲ့အရာ)”ဆိုပြီး လတ်တလော လူငယ်တွေကြား ရေပန်းစားနေတဲ့ဇာတ်လမ်းကိုကြည့်ခဲ့ကြတာဖြစ်သည်။

ဇာတ်လမ်းကတော့ ထူးမခြားနား။ ငယ်ငယ်ကတည်းက တစ်ဖက်သတ်ချစ်မြတ်နိုးခဲ့ရသော အိမ်နီးချင်းကောင်လေးရဲ့အချစ်ကို သနားစရာကောင်မလေးက မျှော်တလင့်လင့်တောင်းခံရင်း နောက်ဆုံးရင်ကွဲမှု၊ အဆမတန်နာကျင်မှုတွေနဲ့သာ အဆုံးသတ်ခဲ့ရခြင်းဖြစ်သည်။

ဘယ်လိုပဲပေးဆပ်ပြပေးဆပ်ပြ သူကတော့ ဘယ်တော့မှမမြင်နိုင်ခဲ့ဘူး။ အဆုံးသတ်အထိ ထိုအချစ်တွေကို စိတ်ရှုပ်စရာတစ်ခုအဖြစ်အနေနဲ့သာ သတ်မှတ်ပစ်ခဲ့တဲ့သူ။

ဇာတ်လမ်းတစ်ပုဒ်လုံးဟာ အဓိပ္ပါယ်မရှိသလို၊ ကျောရိုးရော၊ဇာတ်အိမ်ရောက လုံးဝကို မဟားတရားကိုမှ မျှတမှုရှိမနေဘူး။

ဘယ်လိုလူကများ ဝတ္ထုအဖြစ်ရေးပြီး ဘယ်ဒါရိုက်တာကများ ထိုဇာတ်လမ်းကို အနုအညာတစ်ခုအဖြစ် ပြန်လည်ဖန်တီးတင်ဆက်ခဲ့သလဲ?

ထိုကဲ့သို့ ဇာတ်သိမ်းပိုင်းကိုကြိုမမြင်ရသေးပေမယ့် ဇာတ်ကားထဲကမိန်းကလေးအဖြစ်ရယ်ကတော့ ပူတင်းနဲ့ခပ်ဆင်ဆင်။

စိတ်ထဲမှာမကျေလည်မှုလေးတွေရှိနေခဲ့ပေမယ့် လူတိုင်းဟာ အချစ်နဲ့တွေ့ရင် ဘယ်လောက်ထက်မြတ်ပြီးတော်နေနေ တုံး,အ ရူးမိုက်သွားတာက ကိုယ်တွေ့မျက်မြင်ပဲမို့ ထွက်ကျလာတော့မယ့် ‘ရူးကြောင်ကြောင်’ဆိုပြီး မှတ်ချက်ပြုမိတော့မယ့်စကားတွေကို ပူတင်းလျှာလိပ်ကာ ပြန်သိမ်းလိုက်ရတော့သည်။

ကိုယ်တိုင်ကိုက ထိုအဖြစ်နဲ့ခပ်ဆင်ဆင်ရယ်မို့ ကိုယ့်ကိုယ်ကိုယ်သာ မထိတရိလှောင်ရယ်လိုက်မိရင်း သူများတွေကိုသွားပြီး ဝေဖန်အပြစ်တင်ခွင့်လည်းမရှိ။

တိမ်လွှမ်းသောကောင်းကင်...Where stories live. Discover now