အပိုင်း (၃၃)

1.4K 88 7
                                    

တိမ်လွှမ်းသောကောင်းကင်
အပိုင်း(၃၃)

“သမီး ပူတင်း...”

လှမ်းခေါ်သံကြောင့် ယုယငယ်နဲ့အပြင်ကပြန်လာတဲ့တိမ်တိုက်မြူခြေလှမ်းတွေ ဧည့်ခန်းရှေ့ကအဖြတ်တွင် ရပ်တန့်သွားရသည်။

ဧည့်ခန်းထဲကခုံပေါ်မှာ ဒေါ်ပိုးလွန်းရယ်၊ ဒေါ်မ​ဟေသီရယ်က စကားထိုင်ပြောနေကြ၏။ သူ့မိခင်ကမျက်နှာပျက်နေသလို အန်တီသီကလည်း မျက်နှာမကောင်း။ အားနာနေမှာပေါ့။

ဖြစ်နိုင်ရင် တစ်ဖက်ကမိသားစုနဲ့မျက်နှာချင်းမဆိုင်ဘဲ ရေစက်ကင်းကင်းနေလိုက်ချင်ပေမယ့် ထောက်စရာအကြောင်းတွေကရှိသေးသည်ကြောင့် မကောင်းတတ်၍ ပူတင်းခေါင်းညိမ့်ကာ ဝင်သွားလိုက်ရသည်။ ဒေါ်မဟေသီမှာသာ ခေါ်သာခေါ်လိုက်ရတာ အနားရောက်လာတော့လည်း ဘာပြောရမှန်းမသိ။

“မတွေ့ရတာကြာပြီနော်... သမီးနေကောင်းရဲ့လား? မျက်နှာလေးချောင်ကျသွားတယ်...”

ဒီအတိုင်း အလာပ၊သလာပမေးနေခြင်းမဟုတ်ဘဲ ကိုယ်တကယ်ချစ်ခင်ခဲ့ရတဲ့ကောင်မလေးမို့ ပူတင်းအခြေအနေကိုကြည့်ကာ ဒေါ်မ​ဟေသီကမေးလိုက်ခြင်းဖြစ်သည်။

တကယ်လည်း ဒီလထဲ လွတ်ထွက်ချင်နေသောစိတ်တွေကိုစုစည်းကာ စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေတဲ့ကြားက အားလပ်ချိန်မရှိအောင်ကို နိုင်ငံခြားသွားဖို့လုံးပန်းနေရတာမို့ ပူတင်းအတော်လေးပိန်သွားသည်ပင်။ စိတ်ပန်း၊ကိုယ်ပန်းဖြစ်လာတဲ့အခါ ဘာမှမတွေးတောနိုင်ဘဲ စားပစ်၊အိပ်ပစ်လိုက်ရသည်ဟာ အကောင်းဆုံး။

“သမီးနိုင်ငံခြားသွားမလို့ဆို...”

စကားသံတွေထဲမှာ မသွားစေချင်တဲ့ဟန်အပြည့်ပါသလို ငြင်းလာမယ့်မေးခွန်းအတွက် မျှော်လင့်ချက်လေးတွေက မျက်ဝန်းအိမ်မှာတလက်လတက်။ တစ်ချိန်ကဆိုရင်တော့ ပူတင်းမတော်ရသေးတဲ့ယောက်ခမအလိုကျ ငြင်းပေးမိမှာပေမယ့်....

“ဟုတ်တယ်အန်တီသီ... ပူတင်းအစကတည်းက အစီအစဉ်ရှိပြီးသားပါ။ အကြောင်းအချို့ကြောင့် cancel လိုက်ရတာ... အခုတော့ တကယ်သွားဖြစ်သွားတယ်...”

ဆွဲထားချင်ပေမယ့် အားလုံးဟာ ကိုယ့်ဘက်ကအလွန်မို့ ဒေါ်မ​ဟေသီမှာလည်း ဘာမှမတတ်သာ။ သူ့မိဘတွေကိုက သွားခွင့်ပြုလိုက်ပြီမဟုတ်လား?

တိမ်လွှမ်းသောကောင်းကင်...Where stories live. Discover now