အပိုင်း (၂၉)

1.2K 54 8
                                    

တိမ်လွှမ်းသောကောင်းကင်
အပိုင်း(၂၉)

ပြောထားတဲ့နေ့မှာတော့ ရပ်ကွက်ထဲက ရပ်မိရပ်ဖတွေကိုခေါ်ကာ ဒေါ်မ​ဟေသီတို့က လူကြီးစုံရာနဲ့ ပူတင်းကိုလာမြန်းပါသည်။

ဦးထင်းလင်းသာဦးဆောင်ပြီး ဝင်လာတဲ့လူတန်းကြီးမှာ ထည်ထည်ဝါဝါဖြင့် ဂုဏ်ပကာသနတို့ပါ ထင်ဟပ်ပေါ်လွင်နေတော့သည်။ နှစ်ဖက်လုံးက ရွှေကြီးမျိုးကြီး၊ အသိုင်းအဝိုင်းကြီးတွေထဲကမို့ ရွှေရွှေချင်းထပ်၍ မြတ်တဲ့ပွဲ။

ပူတင်းကတော့ အတိုင်းထက်အလွန်ကို အပျော်ကြီးပျော်နေရှာ၏။ ဦးမင်းထွေးတို့၊ ဒေါ်ပိုးလွန်းအိမ်တို့မှာ စိတ်ထဲလေးလံနေသည့်တိုင် သမီးဖြစ်သူပျော်နေတာမြင်ရတော့လည်း စိတ်ကိုအကုန်လျော့ချထားလိုက်ရတော့သည်။

အရေးကြီးတာ သမီးစိတ်ချမ်းသာဖို့။
ကိုယ့်သားသမီးပျော်တာထက်အရေးကြီးတာမရှိသလို ကိုယ့်သားသမီးပျော်နေတာကိုမမြင်ချင်တဲ့မိဘ ဘယ်နေရာမှာများရှိနိုင်ပါအံ့။

မြင့်မိုရ်ကျေးဇူးအထူးလို့တောင် ဆိုစမှတ်ပြုကြသေးသည်မဟုတ်လား?

ဒေါ်မ​ဟေသီကတော့ သူဖြစ်ချင်တာဖြစ်ရတော့မယ့်ပွဲမို့ အားတက်သရောနဲ့ အင်တိုက်အားတိုက်ကို ကျေနပ်ပီတိဖြာနေတော့သည်။ သူမယောက်ျားကိုတိုင်ပင်တော့လည်း နဂိုကတည်းက ပူတင်းလေးကိုသဘောကျပြီးသားမို့ ငြင်းစရာမရှိ။ ထိုကြောင့်ပဲ မြန်မြန်ဆန်ဆန်ကို အကောင်အထည်ဖော်ပစ်လိုက်မိသည်။

လူကြီးတွေကဆွေးနွေးနေပေမယ့် ထိုအထဲစိတ်လက်မပါရှိနေသူတစ်ယောက်လည်း ရှိသည်။ သူကတော့ ကာယကံရှင်သတို့သားလောင်းဝေဟင်လင်းပါပင်။

ခါတိုင်းထက်မျက်နှာက ပိုတင်းမှာခက်ထန်နေကာ မျက်လုံးအကြည့်တွေက ရက်စက်တော့မယ့်အငွေ့အသက်တွေ တင်းမာလွှမ်းခြုံနေ၏။ အပြုံးအရယ်မရှိသည့်အပြင် ဘာပြောပြောသူနဲ့မဆိုင်သည့်နှယ် အကျိုးအကြောင်း၊ အဆိုးအကောင်း တစ်ခွန်းဆိုတစ်ခွန်းမှဝင်မပြော။

ဒီလိုဆိုပြန်တော့လည်း ပူတင်းမှာစိတ်မချမ်းသာနိုင်ပါ။ ချစ်ရသူပျော်ရွှင်တာကိုသာ နှလုံးသားလေးက မျှော်လင့်တောင့်တပါ၏။

တိမ်လွှမ်းသောကောင်းကင်...Where stories live. Discover now