အပိုင်း (၃၆)

1.6K 153 6
                                    

တိမ်လွှမ်းသောကောင်းကင်
အပိုင်း(၃၆)

“မင်းမသိလို့ ဝေဟင်... အဲ့ဒီနေ့က တိမ်တိုက်မြူဘယ်လောက်သနားစရာကောင်းလဲသိလား?”

“မင်းတို့နှစ်ဖက်မိဘဆွေမျိုးအသိုင်းအဝိုင်းတွေအပြင် အခြားစီးပွားရေးလုပ်ငန်းရှင်တွေ၊ မင်းအဖေရဲ့ပါတနာတွေ၊ မင်းအမေရဲ့မိတ်တွေ၊ သူ့မိဘတွေဘက်ကရော... ပြီးတော့ မင်းက နာမည်ကြီးတဲ့ဆေးကျောင်းသားတစ်ယောက်... မင်း fan တွေအပြင် မင်းချိုးခဲ့တဲ့၊ကျောခဲ့တဲ့မင်းရဲ့ရည်းစားဟောင်းတွေကအစ ဒီပွဲကိုစောင့်ကြည့်နေကြတာ...”

ဇော်ဇော်က မခံမရပ်နိုင်၊ ကရုဏာဒေါသနဲ့မြည်တွန်တောက်တီးသည်။

သူတို့ပြောတာလည်းမှန်ပါသည်။ သူအဲ့လောက်ထိမစဉ်းစားမိခဲ့။

သတို့သားမရှိတဲ့မင်္ဂလာပွဲမှာ သတို့သမီးကဘယ်လိုတွေဖြစ်ကျန်ခဲ့မလဲ?
ဘာကိုမှ အသေးစိတ်မစဉ်းစားခဲ့မိတာသူ့အမှား။ သူအိမ်ထောင်မပြုချင်တာလေးတစ်ခုအတွက်နဲ့ အတွေးတိမ်ခဲ့မိသည်။

“မင်းနဲနဲတောင်မတွေးခဲ့မိဘူးလား? တစ်ဖက်မိန်းကလေးရဲ့အရှက်သိက္ခာတွေပွန်းပဲ့ထိခိုက်သွားမှာကို..”

“ဟုတ်တယ်ဝေဟင်... မင်းက ဒီအတိုင်း မင်းရဲ့လွတ်လပ်မှုတစ်ခုဆုံးရှုံးရမှာစိုးတာနဲ့ တစ်ဖက်မှာတော့ ရင်းလိုက်ရတာ ဂုဏ်သိက္ခာတွေကွ... တကယ်လို့ မင်းလုံးဝလက်မခံနိုင်လို့တစ်ခုခုလုပ်ချင်တယ်ဆိုတောင် သူငယ်ချင်းဖြစ်တဲ့ ငါတို့ကိုအရင်တိုင်ပင်သင့်တယ်....”

မျိုးလွင်လွင်အပြောကို ကျန်သူတွေကပါခေါင်းတညိမ့်ညိမ့်။

ဘယ်အချိန်ကတည်းက ပြောချင်လို့ညှိုးထားကြသည်မသိ။ သူ့မျက်နှာမကြည်မသာနဲ့အကြောင်းစုံဖွင့်ဟပြောတော့ အကုန်လုံးက သိပြီးသားပေမယ့် သူ့ကိုဝိုင်းအပစ်တင်ကြသည်။ ခုမှ သူတို့ကြားလိုနေတဲ့ဆက်ဆံရေးက ပြီးပြည့်စုံသွားသည့်ပမာ။ သူစိမ်းဆန်တဲ့တံတိုင်းကြီးပြိုပျက်ကာ မကျေလည်တာတွေကို ဝိုင်းဖိပြီး သူ့ကိုဆူငေါက်ကြတော့သည်။

သူကတော့ ဒီအတိုင်းငြိမ်ကာခပ်အေးအေးနားထောင်နေရင်း ဝိုင်ခွက်ကိုလက်ကကိုင်ကာ ရီဝေဝေ....

တိမ်လွှမ်းသောကောင်းကင်...Where stories live. Discover now