အပိုင်း (၁)

4.6K 56 1
                                    

တိမ်လွှမ်းသောကောင်းကင်
အပိုင်း (၁)

"တိမ်တိုက်မြူ! "

မိခင်ရဲ့ခေါ်သံကြောင့် သူမရဲ့ခန္ဓာကိုယ်လေးတုန်ခနဲ။ ပုံမှန် ပူတင်းလို့ချစ်စနိုးခေါ်တတ်ပေမယ့် နာမည်ကို အပြည့်အစုံတက်ခေါ်လာပြီဆိုကတည်းက မေမေစိတ်ဆိုးဒေါသဖြစ်နေပြီဆိုတာအသိအသာ။

နဂိုကတည်းက သေးသွယ်ပိန်လှီနေတဲ့ကိုယ်လုံးလေးက နောက်ကျောဆီမှအကြည့်စူးစူးတို့ကြောင့် ပိုသေးငယ်သွားသလိုခံစားလိုက်ရသည်။ ခုနှစ်နှစ်ဆိုတဲ့အသက်အရွယ်မှာတောင် ထိုအဖြူလုံးလေးကတော့တကယ့်ကိုညက်စိလေး။

"သမီးအခုအဲ့ဒါဘာလုပ်နေတာလဲ?! "

လေသံခပ်မာမာက ဒေါသအမျက်ချောင်းချောင်းထွက်နေပုံမို့ ချောကလတ်ခဲဆုတ်ကိုင်ထားတဲ့လက်သီးစုတ်လေးက တင်းကြပ်ကြပ်။

"မေမေကိုမညာနဲ့! အမှန်အတိုင်းဖြေ! "

အစကတည်းကလိမ်ညာဖို့စိတ်ကူးမရှိပေမယ့် မေမေရဲ့မျက်နှာထားတင်းတင်းကြောင့်သူမနှုတ်က အဖြေမထွက်ရဲ။

မေမေဒေါသထွက်နေတယ်။ သူမကမေမေမကြိုက်တာလုပ်မိထားတာမို့ အရိုက်ခံရတော့မယ်။ ကလေးအတွေးကဒီလောက်သာ။

စိတ်သဘောထားပြည့်ဝပြီးသဘောကောင်းတဲ့မေမေက စည်းကမ်းအရာမှာလည်းတင်းကြပ်တာမို့ သူတားမြစ်ထားတဲ့အရာကိုချိုးဖောက်ရင် သူမရဲ့ခြေသလုံးဖွေးဖွေးလေးတွေကို အချိုးရာထင်အောင်ရိုက်ဆုံးမတတ်သည်။

“မေမေက ညာတာမကြိုက်ဘူးနော်...”

မရိုက်သေးပေမယ့် မကြာခင်ရိုက်ခံထိတော့မည်သိနေတာကြောင့် ဝမ်းနည်းအားငယ်စိတ်နဲ့မျက်ရည်ဘူးသီးလုံးလောက်ကြီးတွေအရင်ကျလာသည်။

"အဲ့ဒါဘာလို့ငိုနေတာလဲတိမ်တိုက်မြူ... သမီးကိုမေမေဘာလုပ်ရသေးလို့လဲ?! "

"အင့် အဟင့်..."

တိမ်တိုကငိုနေသည်ကိုကြည့်ကာ လျှာထုတ်ပြောင်ပြနေသော မေမေ့ဘေးကအကောင်ပေါက်က မျက်မုန်းကျိုးချင်စရာအတိပြီးပေမယ့် အမြင်မကပ်နိုင်ခဲ့။

"မငိုနဲ့! တိတ်စမ်း... အမှားလုပ်ထားတဲ့သူက ကိုယ်လုပ်တဲ့အမှားကိုသတ္တိရှိရှိဝန်ခံရဲရတယ်၊ရင်ဆိုင်ရဲရတယ်။ ငိုနေရုံနဲ့ဘာမှဖြေရှင်းလို့ပြီးသွားမှာမဟုတ်ဘူး..."

တိမ်လွှမ်းသောကောင်းကင်...Where stories live. Discover now