အပိုင်း (၂၆)

1.1K 48 1
                                    

တိမ်လွှမ်းသောကောင်းကင်
အပိုင်း(၂၆)

‘လက်ရှိ မကြာသေးခင်ကမှ miss Myanmar ပြိုင်ပွဲမှာသရဖူရထားသောမော်ဒယ်မင်းသမီးရွှေယမင်းက တွဲနေတဲ့သူရှိဟုသိရ...’

‘မော်ဒယ်ရွှေယမင်းက ရည်းစားနဲ့လား?’

‘သူ့ရည်းစားနဲ့လျှောက်လည်တဲ့ပုံတွေက သတင်း web.side တစ်ခုမှာတက်လာ...’

‘ရွှေယမင်းရဲ့ချစ်သူက ဘယ်သူလဲ?’

‘သူတို့လိုဆယ်လီအသိုင်းအဝိုင်းကပဲလား? ဒါမှမဟုတ် ပိုက်ဆံရှိ မျိုးရိုးကြီးလူတန်းစားထဲကလား?’

‘သတင်းထူး... ရွှေယမင်းရဲ့ချစ်သူက ဆေးကျောင်းက ဆရာဝန်လောင်းတစ်ယောက်တဲ့...’

ဒီအပတ်အထူးသတင်းကတော့ ရွှေယမင်းအကြောင်းအရာတွေနဲ့သာပြည့်နှက်နေပြီး လူတွေကလည်း သူမချစ်သူဆိုသောအမျိုးသားကို အလွန်စိတ်ဝင်စားနေကြ၏။

ထိုသတင်းက သတင်းစာတွေ၊ ဆိုရှယ်မီဒီယာတွေရဲ့ခေါင်းစည်းပိုင်းမှာနေရာယူပြီး သူတို့နှစ်ယောက်ပုံတွေကလည်း ဝေဝေဆာဆာ။

သူနဲ့ မော်ဒယ်ရွှေယမင်းနဲ့ဒိတ်နေကြတဲ့အကြောင်းက ဆိုရှယ်ပလက်ဖောင်းမှာပျံ့နှံ့ကာ တစ်နိုင်ငံလုံးဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့၏။ ဟိုက အရေးပါတဲ့ဆယ်လီတစ်ယောက်ကိုး။ ဒီတော့ သတင်းမီဒီယာတွေကလည်း တဆိတ်ကို တစ်အိတ်လုပ်တော့တာပေါ့။

ဖျတ်! ဖျတ်!

“အဲ့ဒါတွေက ဘာတွေလဲရွှေယမင်း...”

သူတို့နှစ်ယောက်တွဲခုတ်နေတဲ့ဓာတ်ပုံတွေကို စိတ်ဆိုးတကြီးဝေဟင်လင်းက စားပွဲပေါ်ဆောင့်ပစ်ချသည်။ သူက ဒေါသတကြီးမတ်တပ်ရပ်လျက် အနေအထားအတိုင်းရှိနေပြီး ရွှေယမင်းကတော့ အေးအေးလူလူပင် ဟော်တယ် resort ထဲ နေ့လည်စာထိုင်စားနေ၏။

စတိတ်ကိုလှီးဖြတ်စားသောက်ပြီး ဝိုင်ခွက်ကို မိန်းကလေးတို့သဘောသဘာဝအတိုင်း ကနွဲ့ကလျကိုင်မြောက်ကာ ဇိမ်ခံ၍တစ်ငုံသောက်ပြီးမှ သူပစ်ချထားသောပုံတွေကိုတစ်ချက်လှမ်းကြည့်၍ လှလှပပပြုံးသည်။

“အဟင်း ဘယ်ဆိုးလို့လဲ? ဓာတ်ပုံတွေကလှသားပဲ? မောင်ရိုက်ထားတာလား?”

တိမ်လွှမ်းသောကောင်းကင်...Where stories live. Discover now