-You're My Plumeria!- 1

501 33 0
                                    

Plumeria - တရုတ်စကား

The Meaning Of Plumeria - A New Beginning or last love

You're My Plumeria = You 're My Last Love

__________

Title - You're My Plumeria!

Recommend Song - Forever and Ever and Always by Ryan Mack

" ‌ဘော်!! "

ကမ်းနားဆီမှ သင်္ဘောဆိုက်ကပ်ကြောင်း အချက်‌ပေးသံတစ်ခုက ရုတ်ချည်းထွက်ပေါ်လာပါလျှင် ခြံထဲတွင် စာဖတ်နေသည့် ဂယူဘင်းက ငြိမ်သက်သွားရပါသည် ။ ထို့အတူပင် စာရွက်ပေါ်တွင်ရှိနေသည့် သူ၏ရှည်သွယ်သွယ်လက်ချောင်းများကလည်း ချက်ချင်းပဲ ရပ်တန့်သွားရပါသည် ... ။ 

ပြီးမှ သူက သူနားကြားမှားတာမဟုတ်ကြောင်းကို သေချာစေရန်အတွက် အသံကို ထပ်မံ၍ နားစွင့်ကြည့်လိုက်ပါလျှင် 

" ဘော်! "

ဟူသော ကမ်းနားမှ အချက်ပေးသံကျယ်ကျယ်က ထပ်မံကာထွက်‌ပေါ်လာသည့်အတွက် ထိုခဏမှာပဲ သူက အပြုံးတစ်ခုနှင့်အတူ နေရာမှထရပ်လိုက်မိပါတော့သည် ... ။ 

သင်္ဘောဆိုက်ကပ်ရာ ဆိပ်ကမ်းနှင့် သူတို့‌နေထိုင်ရာအိမ်က အတော်လေးလှမ်းသော်လည်း နိုင်ငံတွင်းမှရေတပ်၏ ဒုတိယအကြီးဆုံးသင်္ဘောထံမှ ထွက်ပေါ်လာသည့် အချက်ပေးသံကတော့ သူတို့မြို့ငယ်လေးမှ လူတိုင်းကို ကြားရစေဖို့အတွက် လုံလောက်ပါသည် ... ။

ဂယူဘင်း၏ချစ်ရသူမောင်သည် ယခုနှစ်အစမှာကတည်းက တစ်ဖက်နိုင်ငံနှင့် ထိစပ်နေသော နိုင်ငံပိုင်ကျွန်းများကို လှည့်ပတ်ကာစောင့်ကြည့်ရသော ကမ်းရိုးတန်းအထူးတပ်ဖွဲ့တွင် စီနီယာကပ္ပတိန်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေခဲ့ပါသည် ။ သို့ဖြစ်သောကြောင့် အခုလိုတာဝန်ထမ်းဆောင်ချိန်ကာလအားဖြင့် သုံးလတိတိကြာမြင့်ပြီးသည့်နောက်တွင်တော့ နေရပ်ကို ခဏတာပြန်လာခွင့်ရရှိခဲ့ပြီဖြစ်ပါသည် ... ။

နောက်ဆုံးတော့ ပြန်လာတော့မယ် ။ လနဲ့ချီပြီးခွဲခွာနေခဲ့ရတဲ့ ဂယူဘင်းရဲ့မောင်က နောက်ဆုံးတော့ သူ့ရင်ခွင်ထဲကို ပြန်ရောက်လာတော့မယ် ။

" အများကြီး သတိရနေခဲ့တာကို "

ဂယူဘင်းမှာ သင်္ဘောဆိုက်ကပ်ကြောင်းအား အသိပေးသည့်နောက်ဆုံးအကြိမ် ဥဩဆွဲသံကို နားစွင့်ပြီးသည့်နောက်တွင်တော့ နေရာမှ ထရပ်လိုက်ပါသည် ။ ထိုအခါတွင်တော့ သူထိုင်နေသည့် ခြံထောင့်ကတရုတ်စကားပင်ကြီးဆီမှ တရုတ်စကားပွင့်များက လေအဝှေ့တွင် ကြွေကျလာလေရာ ဂယူဘင်းမှာ သွားတန်းဖြူဖြူများပေါ်သည်အထိကို သဘောတကျနှင့် ရယ်လိုက်မိပါသည် ။ ပြီးမှ သူက စာအုပ်ပေါ်သို့ ကျလာသည့် တရုတ်စကားပွင့်တစ်ပွင့်အား ကောက်ယူလိုက်ကာ နမ်းရှိုက်ကြည့်လိုက်ပါလျှင် ပွင့်ဖတ်ဖြူဖြူထဲမှာ အဝါရောင်ဝတ်ဆံလေးများပါရှိသည့် တရုတ်စကားပွင့်၏ ခပ်သင်းသင်းရနံ့တို့က ဂယူဘင်းအား‌ မောင်နှင့်တွေ့ဆုံခွင့်ခဲ့ရသောကာလများဆီကိုပါ ပြန်ပြောင်း၍ သတိရသွားစေခဲ့ပါ‌တော့သည် .... ။ 

𝑩 𝑳 𝑼 𝑴 𝑬 𝑵 Where stories live. Discover now