-Dear Gardenia!-1

278 32 0
                                    

Gardenia- ဇီဇဝါ
The Meaning Of Gardenia - Secret Love
Dear Gardenia! - Dear My Secret Love

____________

Title- Dear Gardenia !

OTP- Shimkongz (Gyuvin X Ricky)

Genre- Omegaverse , Psychopath , Crossdressing ,

လွန်ခဲ့သော ဆယ်နှစ်ခန့် .. ။

သည်နေ့က ချွမ်ရွေ့၏ အသက်နှစ်ဆယ်ပြည့်မွေးနေ့ ... ။ သို့သော်ငြားလည်း သူ့မှာ အိမ်ပြန်ရောက်တာနှင့် မိသားစုစုံစုံလင်လင်နှင့် စောင့်မျှော်နေမည့် မိသားစုထမင်းဝိုင်းကတော့ ရှိမနေခဲ့ပါ ။ ထိုအစား သည်နေ့လည်း သူက ဦးလေး၏ဆိုင်မှာပဲ တစ်နေကုန်အလုပ်လုပ်ဖို့ ရှိ‌နေပါသည် ... ။

ချွမ်ရွေ့မှာ နောက်လ ၊ ကျောင်းဖွင့်ရာသီရောက်လျှင်ပဲ ဒုတိယနှစ် ဆေးကျောင်းသားတစ်ယောက် ဖြစ် တော့မည်ဆိုပေမဲ့လည်း သူ့မှာ ယခုအချိန်အထိ ကိုယ်ပိုင်ဝင်ငွေရယ်ဟူ၍ မရှိသေးပါချေ ... ။ ထို့ကြောင့် သူက အခုလို နားရက်ရသည့် ကျောင်းပိတ်ရက်လေးမှာ ကိုယ်ပိုင်အပိုဝင်ငွေ ရဖို့အတွက် အပြင်မှာထွက်ပြီး အချိန်ပိုင်းအလုပ်လုပ်ရန် စဉ်းစားခဲ့ပါသည် ။ 

သို့သော်လည်း သူအလုပ်လုပ်တော့မည်ဟု ပြောလိုက်တာနှင့် ဦးလေး၏မိန်းမက ကျွေးရကျိုးမနပ်တဲ့ ယောက်ျားဘက်က အမျိုး ၊ အားနေရင်လဲ အိမ်အလုပ်ကူလုပ်ပါလားဘာညာနှင့် စောင်းမြောင်းပြောဆိုပြီး တစ်အိမ်လုံးမှာ နေစရာမရှိအောင် ဆူအောင့်နေတာမို့ သူ့မှာ အပြင်ကိုမထွက်နိုင်တော့ပါချေ ။ သူ့အစီအစဉ်တို့အားလုံးသည်လည်း ပျက်သွားခဲ့ရပါသည် ... ။ ထိုအစား ချွမ်ရွေ့က ကျောင်းပိတ်ရက်မှစ၍ ရပ်ကွက်ထိပ်က ဦးလေး၏ဆိုင်မှာသာ မလုပ်ချင်ဘဲ လုပ်ပေးနေရပါတော့သည် ။

လွန်ခဲ့သည့်သုံးနှစ် ၊ ပါပါးနှင့် မာမားတို့ဆုံးသွားသည့်အချိန်ကတည်းက ဦးလေးတို့လင်မယားက ချွမ်ရွေ့တို့အိမ်ပေါ်ကို တက်လာခဲ့ကြပါသည် ။ ထို့အပြင် ချွမ်ရွေ့ကငယ်သေးသည့်အတွက် အလုပ်လုပ်ရန် စောသေးသည်ဟုဆိုကာ ဦးလေးက သူ့အစ်ကိုဖြစ်သည့် ချွမ်ရွေ့၏ပါပါး ကျန်ရစ်ခဲ့သည့် လမ်းထိပ်မှ စားသောက်ဆိုင်ကိုလည်း ယူသွားခဲ့ပြီး သူပဲ ဦးစီးပေးမယ်ဟုဆိုကာ ဦးစီးခဲ့ပါသည် ... ။ 

𝑩 𝑳 𝑼 𝑴 𝑬 𝑵 Where stories live. Discover now