" ဂယူ .. ကိုယ်-"" ခင်ဗျား ပါးစပ်ပိတ်ထားလိုက်တာ ကောင်းမယ် ဒယ်ဒီ ... "
" အင့် ! "
သူ့ထက် အတော်လေးငယ်ရွယ်သော ကောင်ငယ်လေးသည် ချွမ်ရွေ့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုတော့ အမြဲတမ်းသိနေသည်ချည်းသာ ။ သူ့အပြစ်ကို ကိုယ်တိုင်နှုတ်မှထုတ်၍ မြန်မြန်ဆန်ဆန် ဝန်ခံလိုက်ခြင်းထက် ထိုအပြစ်၏နောက်မှအကျိုးဆက်ကို တမြည့်မြည့်နှင့် ခံစားတတ်ပြီး " နောက်မလုပ်နဲ့ ၊ " ဟူသည့်စကားကို မပြောရအောင်အထိကို သူကိုယ်တိုင်က မလုပ်ရဲတော့အောင်အထိကို အပြစ်ပေးတတ်ပါသည် ... ။
အခုလည်း Pheromonesတို့နှင့် ဖိနှိပ်ပြီးတာတောင်မှပဲ အိပ်ရာထက်မှာ ကျုံ့ကျုံ့လေးထိုင်ကာ ငြိမ်သက်နေသည့် သူ့အား ပခုံးကနေကိုင်လှုပ်၍ အကြမ်းပတမ်းပင် အနားမှခုံဆီသို့ ဆွဲချသွားပါသည် ... ။ ထိုအခါ အားကောင်းသော Pheromonesတို့နှင့် ဖိနှိပ်ခံထားရသောကြောင့် မျော့မျော့လေးသာ ကျန်တော့သည့်ချွမ်ရွေ့က ဂယူဘင်း၏လက်ထဲတွင် အရုပ်ကလေးတစ်ရုပ်လို ပျော့ဖတ်စွာနှင့် ပါသွားရပါတော့သည် ... ။
အရင်ကတည်းက ကလေးလေးက ထိုသို့ဆန္ဒရှိသည်ပဲလေ .. ။ သူ့ကို အန္တရာယ်များကြားထဲမှ ခေါ်လာသည့်အချိန်ကတည်းက " ဒယ်ဒီက ကျွန်တော့်ရဲ့အရုပ်ကလေး " ဟု တဖွဖွပြောကာ တကယ်လည်း ချွမ်ရွေ့အပေါ် အရုပ်ကလေးတစ်ရုပ်လို သဘောထားခဲ့သည်သာ ။ ထိုသို့ဆိုမှတော့ သူကလည်း ကလေးလေးအလိုကျ နေပေးရုံသာ ... ။
တကယ့် အရုပ်ကလေးတွေက ခံစားချက်မရှိဘူး ၊ သို့ပေမဲ့ ကလေးလေးရဲ့သက်ရှိအရုပ်လေးဖြစ်တဲ့ သူကတော့ ခံစားချက်ရှိပါတယ် .. ။ သက်တမ်းမလွန်သေးတဲ့ အကန့်အသတ်နဲ့ ခံစားချက်မို့ သူ့ရဲ့ခံစားချက်တွေကို ကလေးလေးဘက်က ဘယ်တော့မှ မမြင်နိုင်ရင်တောင် သက်တမ်းကုန်ဆုံးသွားအောင်အထိတော့ မလုပ်လောက်ပါဘူး ။
အင်း လုပ်ခဲ့ရင်ရော ... ။
လုပ်ခဲ့ရင်တောင် သူက ဘာတတ်နိုင်မှာတဲ့လဲ ။ အဲ့တာက ချွမ်ရွေ့ရဲ့ ကလေးလေးပဲလေ... ။
သူ့ထက်ငယ်သည့် ကလေးတစ်ယောက်၏ သူ့အပေါ်လွှမ်းမိုးချုပ်ကိုင်ကာ ဖိနှိပ်နေသည်ဆိုသည့် ခံစားချက်သည် ချွမ်ရွေ့လို အယ်လ်ဖာတစ်ယောက် ၊ မြို့တော်၏ နာမည်အကြီးဆုံးဆေးရုံမှ တည်ကြည်ကာဖြောင့်မတ်သော ဆရာဝန်တစ်ယောက်အတွက် ခံရခက်စေသော်လည်း တစ်ဖက်မှကြည့်လျှင်လည်း ထိုသူသည် သူချစ်ရသော ကလေးလေးဖြစ်နေသည့်အတွက် ချွမ်ရွေ့မှာ သိမ်ငယ်ရသည့်ခံစားချက်ကြားမှပင် ကလေးလေးအား အပြစ်မမြင်ဘဲ ကြည်ဖြူပေးနိုင်ပါ၏ ။