သည်ရက်များတွင် ချွမ်ရွေ့၏ နေ့ရက်များသည် ရေရောခြင်းမရှိသော အတွေးတို့နှင့်သာ ဖုံးလွှမ်းနေကာ အဆင်မပြေနေခဲ့ပါ ... ။ ဂယူဘင်းသည် သည်တစ်ခေါက် Rutကာလတွင် ချွမ်ရွေ့အား သူနှင့်အတူရှိနေခွင့် မပေးသောကြောင့် သည်တစ်ပတ်လုံးမှာ သူက ကလေးလေးနှင့် မတွေ့ရသေးဘဲ အစားထိုးဂျုတီများအတွက်ပါ ဝင်ပေးနေရကာ အိမ်ကိုမပြန်ဖြစ်သေးပါချေ ။
သို့ရာတွင် ကလေးငယ်မှာ ချွမ်ရွေ့အား အန္တရာယ်တောထဲသို့ တွန်းပို့လိုက်သည့် ဆေးရုံအုပ်တစ်ဖြစ်လဲ အဒေါ်ဖြစ်သူကိုတော့ Rutကာလမစတင်ခင်မှာပင် အရင်ဖြေရှင်းလိုက်ပုံရပါ၏ ။ မည်ကဲ့သို့ဖြေရှင်းလိုက်သည်လဲဆိုတာကို မသိရသည့်တိုင်အောင် ချွမ်ရွေ့ ဂျူတီပြန်ဝင်သည့်ရက်တွင်တော့ ဆေးရုံအုပ်အသစ် ပြောင်းသွားပြီ ဟူသောသတင်းကတစ်ဆေးရုံလုံးတွင် ပျံ့နေခဲ့ပြီး
ပြီဖြစ်ပါသည် ... ။သူက ဂယူဘင်းနှင့် ပတ်သက်လာလျှင် မသိစိတ်ကအစ စိတ်ပူပန်နေတတ်ပြီး အခုလည်း အလုပ်သာလုပ်နေရပါသည် ။ စိတ်အစုံမှာတော့ သူ့အား အဆက်အသွယ်ဖြတ်ထားသူကိုသာ သတိရနေမိပါသည် ... ။ ထိုအခါ လုပ်သမျှအလုပ်တိုင်းက အမှားမှားအယွင်းယွင်းများ ဖြစ်နေတော့ကာ အဆင်မပြေတော့ပါချေ ။
" ဒေါက်တာ နေမကောင်းဘူးလား ၊ နေမကောင်းရင်လဲ ခဏနားလိုက်ပါလား ။ "
" ဗျာ! အာ ... ရပါတယ် ။ "
" မရပါဘူး .. သွားနားလိုက်ပါ ၊ ခဏနေရင် ဂျူတီချိန်းတော့မှာပဲကို ... "
အင်မတန်မှ စည်းစနစ်ကျသည်ဟု နာမည်ကြီးသော ချွမ်ရွေ့လိုလူက သည်ရက်ပိုင်းထဲတွင် တခြားသူများပါ သတိထားမိသွားနိုင်စေသည့် အမှားတို့ကိုပါ လုပ်မိသွားခဲ့ပုံပါပင် ။ နံဘေးမှ နာ့စ်ညီမလေးများကပါ ဝိုင်းပြောလာသည့်အခါတွင်တော့ သူက လည်း မငြင်းသာတော့ဘဲ သူ့လက်ထောက်တစ်ယောက်နှင့် ကြည့်ရန်ကျန်နေသေးသည့် လူနာများအား လွှဲထားခဲ့လိုက်ကာ နားနေခန်းသို့ ပြန်လာခဲ့လိုက်ပါသည် ... ။
အသက်ရလာပြီဖြစ်သည့် ချွမ် ရွေ့မှာ Roundလှည့်သည့်အချိန်များတွင် ပါဝါအနည်းငယ်ပါသည့် မျက်မှန်တပ်နေရပြီဖြစ်ပါသည်...။ မျက်မှန်နှင့်လည်း သူ့ပုံစံက မမှေးမှိန်သွားသည့်တိုင်အောင် ချွမ်ရွေ့ကတော့ သဘောမကျပါချေ ။ အကြောင်းမှာ သူ့အနားမှအိုမီဂါများသည် ချွမ်ရွေ့ Roundလှည့်သည့်အခါများတွင် ရှိသမျှအလုပ်တို့ကိုပစ်ချကာ သူ့အနောက်ကနေမသိမသာလိုက်တတ်ကြသောကြောင့်ပင် ။ အခုလည်း နေရာမှ သူထွက်လာသည့်တိုင်အောင်