တကယ်ကို မယုံကြည်နိုင်စရာပါပင် ။ ချွမ်ရွေ့မှာ မျက်စိရှေ့မှမြင်ကွင်းတို့ကြောင့် စကားပင် မဆိုနိုင်တော့ဘဲ နေရာမှာတင် ထိုင်လျက် လဲကျသွားခဲ့ပါလျှင်
" လက်ဆောင်ကို သဘောမကျဘူးလား ။ "
ဟူသည့်စကားနှင့်အတူ သူ့လက်မောင်းအား ဆွဲထူလာသူကြောင့် သူက ထိုကဲ့သို့ဖြစ်စေခဲ့သည့် တရားခံလေးအား မော့ကြည့်လိုက်ပါသည် ။
ထိုအခါ ချွမ်ရွေ့သည် ဖြူစင်သောမျက်ဝန်းလေးများနှင့်သာဆုံလိုက်ရသည်တွင် သူက ခေါင်းကိုသာ အဆက်မပြတ်ယမ်းခါလိုက်မိပါတော့သည် ... ။
ထို့အပြင် သူက ယခုအခြေအနေအား မျက်တောင်မခတ်တမ်းလက်ခံလိုက်ဖို့တော့ မဖြစ်နိုင်သည့်အခါတွင်တော့ လက်ကျန်အသိစိတ်တို့ကို မနည်းစုစည်းပြီးနောက်တွင်တော့ သူ့ဘေးနားမှာ လာရပ်နေသည့်ကလေးအား နောက်ထပ်တစ်ကြိမ်မော့ကြည့်လိုက်ရပြန်ပါသည် ... ။
" မင်း မင်းကဘယ်သူလဲ ။ "
" ဂယူဘင်း ၊ ကင်မ်ဂယူဘင်း ... နောက်ဆိုရင် ခင်ဗျားရဲ့ကလေးလေးဖြစ်တော့မှာမို့လို့ မှတ်ထားရမယ်နော် ။ "
သူ့အမေးစကားကို ခပ်ပြုံးပြုံးလေးလုပ်ကာဖြင့် ပြောနေသည်မှာ ခုနကမှသေနတ်ကိုင်ပြီး လူသတ်ထားတာ သူမဟုတ်သည့်အတိုင်း ... ။
ချွမ်ရွေ့မှာသာ မျက်စိရှေ့က မြင်ကွင်းကြောင့် ကမ္ဘာပျက်နေရကာ ထိုကလေးမှာတော့ သူ့အမေးကို ပြန်ဖြေပြီးသည်နှင့် ချွမ်ရွေ့၏ပခုံးအား နှစ်ချက်မျှဆင့်ပုတ်သွားကာ နေရာမှထွက်သွားပါသည် ။ လက်ထဲမှသေနတ်ကို ကုတ်အင်္ကျီထဲသို့ ပြန်သိမ်းလိုက်ပြီးနောက် စားပွဲပေါ်မှ ချွမ်ရွေ့ဖျော်ထားပေးသည့် ကော်ဖီကိုပါ အရသာခံ၍ သောက်နေပါတော့သည် ... ။
" နည်းနည်း အချိုပေါ့နေသလိုပဲ .. "
" ဟင် ! "
" သောက်ကြည့်ပါလား .. ဟင် "
သူက ကင်မ်ဂယူဘင်းဆိုသော ကလေး၏စကားကြောင့် ကြောင်အနေလျက် ။
သို့သော်လည်း သူ့အနေနှင့် မျက်စိရှေ့မှ သွေးအလိမ်းလိမ်းဖြင့် အလောင်းများနှင့် အဖြူထည်လေးလိုဖြစ်နေသော ကလေးတစ်ယောက်၏ အသနားခံနေသည့်ပုံစံကို ယှဉ်လိုက်လျှင်ဖြင့် ချွမ်ရွေ့၏စိတ်တို့က ထူးဆန်းစွာပင် ကလေးလေး၏ ဆန္ဒကိုသာ ဦးစားပေးချင်လာရပါသည် .. ။