(Unicode) မနက်စောစော လမ်းပေါ်တွင် စောစောထတက်သည့်လူများသည် ထူးဆန်းသော လှုပ်ရှားမှုများနှင့် မိန်းကလေးကို သတိမထားမိဘဲ မကြည့်ပဲ မနေနိုင်ကြပေ။
သူမသည် အလွန့်အလွန် ချောမောလှပသည်။ သူမ၏အနက်ရောင်ဆံပင်သည် ပင်လယ်ရေမှော်များကဲ့သို့ သူမ၏နောက်ကျောကို ဖုံးလွှမ်းထားသည်။ သူမ၏ ပခုံးသိုင်းကြိုးများထဲမှ တစ်ခုသည် သူမ၏လက်မောင်းပေါ်တွင် သာမန်ကာလျှံကာ ချည်နှောင်ထားပြီး နှင်းလိုဖြူဖွေးသည့် ဧရိယာတော်တော်များများမှာ ထုတ်ဖော်ပြသထားသလိုဖြစ်နေသည်။ ထိုမိန်းကလေးသည် သူမပတ်ဝန်းကျင်ရှိ လူများထံမှ တအံ့တဩရှိမှုများ သို့မဟုတ် စူးရှသည့်အကြည့်များကို မကြာခဏ ဆွဲဆောင်နေခဲ့သော်လည်း မည်သူကမှ သူမထံသို့ မချဉ်းကပ်ရဲကြဘူး။
အကြောင်းအရင်းမှာ မိန်းကလေး၏ နှင်းဖြူရောင် အသားအရေပေါ်တွင် သာမန်မျက်စိဖြင့် မြင်နိုင်သော အစိမ်းရောင်နှင့် ခရမ်းရောင် အမာရွတ်များ ဖုံးလွှမ်းထားသောကြောင့်ဖြစ်သည်။ လူများသည် ထိုအမှတ်အသားများကို ညစ်ညမ်းပြီး ဒွိဟဖြစ်စေသော လုပ်ရပ်များနှင့် မဆက်စပ်ကြည့်ပဲ မနေနိုင်တော့ဘူး။
လူတွေ သူ့ကို မချဉ်းကပ်ရဲသည့် အကြောင်းအရင်းကတော့ ထိုမိန်းကလေး လမ်းလျှောက်သောအခါ သူမသည် တကယ်ကို ထော့နဲ့ထော့နဲ့ဖြင့် လမ်းလျှောက်နေပြီး သူမ၏ ခြေလက်လေးချောင်းလုံးက ထူးဆန်းစွာ ယိမ်းယိုင်နေသောကြောင့်ဖြစ်သည်။ ပိုင်ရှင်ဖြစ်သူသည် သူမ၏ခြေလက်များအား ပုံမှန်အသုံးပြုသည့် နည်းလမ်းကို မေ့သွားသည့်ပုံ ရသည်။ သို့သော် အမူအရာကင်းမဲ့နေသော သူမ၏မျက်နှာပေါ်တွင် သူမ၏မျက်လုံးများသည် ပတ်ဝန်းကျင်ကိုသာ ကြည့်နေသည်မှာ သူမ၏အခြေအနေကို လုံးဝဂရုမစိုက်သည့်အတိုင်းပင်။
ဒါက ယွင်ချင်းဖြစ်သည်။ အတိအကျပြောရမည်ဆိုပါက ယွင်ချင်းသည် သေဆုံးခဲ့သည်မှာ ၄၈ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခု ပြန်လည်မွေးဖွားခဲ့သည်။
ယွင်ချင်းသည် မွေးကင်းစကလေးတစ်ယောက်နှင့်တူနေပြီး သူမ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဂရုတစိုက် ကြည့်ရှုနေသည်။
YOU ARE READING
သူဌေးကြီးရေ... မင်းရဲ့မိန်းမက သူမရဲ့တားရော့ကတ်တွေနဲ့ ထပ်ပြီးရှိနေပြန်ပြီ
Fantasyမကျေမချမ်းမှုများစွာနဲ့ သေဆုံးသွားခဲ့ရတဲ့ ယွင်ချင်း အခွင့်အရေးတစ်ခုကြောင့် သူမ ပြန်လည်မွေးဖွားလာခွင့်ရတဲ့အချိန်မှာ ကိုယ်ဝန်ရှိနေတဲ့သူမကို အဆောက်အဦပေါ်ကနေ အတင်းအကြပ်ခုန်ချခိုင်းပြီး သူမရဲ့အဖေနဲ့အကို ကိုပါ သတ်ပြီးတော့ မိသားစုပိုင်ဆိုင်မှုတွေကို သိမ်းယ...