(Unicode)
"မီးကို ဆက်ပေးထားစမ်း! အလင်းရောင်မရှိဘဲနဲ့ ငါက ဓာတ်ပုံ ဘယ်လိုလုပ် ရိုက်ရမှာလဲ?"
ယွင်ရော့ ဒေါသတကြီး ပြစ်တင်ကြိမ်းမောင်းလိုက်သည်။ သူမအတွက် လုံလောက်တဲ့ 'တန်ဖိုးသတ်မှတ်မှု' မရှိသေးဘူး။
သို့သော် မည်သူကမှ သူမကို တုံ့ပြန်ခြင်းမရှိပေ။ ပတ်ဝန်းကျင်သည် သေလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ ခဏတာလောက်တော့ ယွင်ရော့၏ အောင်မြင်သော လက်စားချေမှုမှ စိတ်အားထက်သန်တက်ကြွစွာ ပြောဆိုနေမှုကို ကြားနိုင်သည်။
သို့သော် အလွန်လျင်မြန်စွာ အခြားအသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
တရှပ်ရှပ် အသံများမှာ ပိုမိုကျယ်လောင်လာသည်။ ဘယ်သူက ရယ်နေတာလဲ?
"သရဲလို ဟန်ဆောင်မနေနဲ့"
တစ်ခုခုမှားယွင်းနေသည်ဟု ယွင်ရော့ ခံစားလိုက်မိသည်။ သူမ၏အိတ်ထဲမှ ဖုန်းကိုထုတ်ယူ၍ ဓာတ်မီးအဖြစ် အသုံးပြုတော့မည့်အချိန်မှာပဲ သူမ၏ဦးခေါင်းပေါ်မှ ရယ်မောသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
သူမသည် ဖုန်းကို လျှင်မြန်စွာ ထုတ်ယူလိုက်ပြီး မီးဖွင့်ကာ အပေါ်သို့ ကြည့်လိုက်သည်။ သို့သော် ဘိလပ်မြေအပြားမှလွဲ၍ မည်သည့်အရာမှ မရှိပေ။
ယွင်ရော့ တည်ငြိမ်သွားသည်။ သူမ ကြမ်းပြင်ပေါ်သို့ ပြန်ကြည့်လိုက်သည့် အချိန်မှာတော့ အကြမ်းဖက်ခံရမှုကြောင့် သတိလစ်နေသော ယွင်ချင်း ပျောက်ကွယ်သွားကြောင်းကို သတိထားလိုက်မိသည်။
သို့သော် မြေပြင်ပေါ်တွင် ရှုပ်ထွေးနေသော အမှတ်အသားများစွာ ကျန်နေခဲ့သည်။
ယွင်ရော့သည် သူမ၏ဖုန်းဖြင့် အမှတ်အသားများကို ကြည့်လိုက်သည်။ မြေပြင်ပေါ်တွင် အဖြူရောင် အမှုန့်ထုပ်လေးတစ်ချို့ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် ထိုသူနှစ်ဦးအတွက် သူမ ပြင်ဆင်ထားခဲ့သော ဆေးမှုန့် ဖြစ်ပုံရသည်။
အဲဒီနှစ်ယောက်က ဒါကိုမသုံးခဲ့ဘူးလား? ဒါတောင်မှ ယွင်ချင်းသည် အလွန်စိတ်ပျက်စရာကောင်းလောက်အောင် ညှင်းပန်းမှုခံနေရသေးသည်။ ယွင်ရော့သည် ချက်ချင်းပင် ယုတ်မာသောစိတ်ထားဖြင့် တွေးလိုက်သည်။
YOU ARE READING
သူဌေးကြီးရေ... မင်းရဲ့မိန်းမက သူမရဲ့တားရော့ကတ်တွေနဲ့ ထပ်ပြီးရှိနေပြန်ပြီ
Fantasyမကျေမချမ်းမှုများစွာနဲ့ သေဆုံးသွားခဲ့ရတဲ့ ယွင်ချင်း အခွင့်အရေးတစ်ခုကြောင့် သူမ ပြန်လည်မွေးဖွားလာခွင့်ရတဲ့အချိန်မှာ ကိုယ်ဝန်ရှိနေတဲ့သူမကို အဆောက်အဦပေါ်ကနေ အတင်းအကြပ်ခုန်ချခိုင်းပြီး သူမရဲ့အဖေနဲ့အကို ကိုပါ သတ်ပြီးတော့ မိသားစုပိုင်ဆိုင်မှုတွေကို သိမ်းယ...