(၄) သေချာသော အနံ့တစ်မျိုး

109 14 0
                                    

(Unicode) တစ်ခဏအတွင်းမှာပဲ ဘာမှမဖြစ်သကဲ့သို့ ယွင်ချင်းသည် သူမ၏ပုံမှန်သွင်ပြင်သို့ ပြန်လည်ပြောင်းလဲသွားသည်။ သူမသည် ချန်းယွမ်အား အရှင်လတ်လတ် အရေခွံခွာ၍ ၎င်း၏အသားများကို စားချင်နေသကဲ့သို့ မုန်းတီးမှုများစွာဖြင့် စိုက်ကြည့်နေသည်။

သူမကို အမြဲတမ်း လေးစားသည့် ယွင်ချင်းက ဘာလို့ ရုတ်တရက် ဒီလောက်ကြီး ရူးသွားရတာလဲ? ချန်းယွမ်သည် အနောက်သို့ ခြေနှစ်လှမ်းဆုတ်၍ ယွင်ချင်းအား ထိတ်လန့်စွာ ကြည့်လိုက်သည်။

"နင်... နင်..."

ယွင်ချင်း နောက်တစ်ကြိမ် လှုပ်ရှားတော့မည်ကို မြင်လိုက်သောကြောင့် ချန်းယွမ်သည် သူမ၏ သွေးထွက်နေသော ဒဏ်ရာကို ဖုံးအုပ်ကာ အောက်ထပ်သို့ ပြေးထွက်သွားခဲ့သည်။

ဒီခွေးမလေးက ရူးသွားလောက်တဲ့အထိ ရန်စခံလိုက်ရပုံရသည်။ သူမက သူ့ကို ဘယ်လိုတောင် ကိုက်ရဲရတာလဲ?

ချန်းယွမ်သည် အံကြိတ်လိုက်ကာ အကိုက်ခံထားရသော သူမလက်မောင်းပေါ်သို့ ဆေးတစ်ချို့ လိမ်းလိုက်သည်။ ထို့နောက် ယွင်ရော့ထံသို့ စာတိုတစ်စောင် ပို့လိုက်သည်။

"ငါတို့ ဒီညလုပ်မယ်! စောင့်နေစရာမလိုဘူး!"

သူ့ရဲ့အဖိုးတန်သမီးလေးဆီမှာ စိတ်ရောဂါရှိနေတာကို မနက်ဖြန်မှာ ယွင်ကျိုး ဘယ်လိုရှာတွေ့သွားမလဲဆိုတာကို စဉ်းစားရင်း ချန်းယွမ်သည် ချက်ချင်းဆိုသလို အတော်လေး စိတ်ကျေနပ်သွားသည်။ ယွင်မိသားစု၏ပိုင်ဆိုင်မှုများကို ရရှိပြီးသည့်နောက် သူမဘဝအကြောင်းကို စတင်၍ လေထဲ တိုက်အိမ်ဆောက်နေတော့သည်။

သို့သော် သူမ မသိလိုက်သည့်အရာမှာ သူမ၏လက်မောင်းရှိ အကိုက်ခံထားရသော နက်ရှိုင်းသည့်ဒဏ်ရာမှ သူမ၏ခြေလက်များနှင့် အရိုးများအတွင်းသို့ တိတ်တဆိတ် စိမ့်ဝင်နေသော လှိုင်းထနေသည့် အနက်ရောင် မီးခိုးလုံးကြီးဖြစ်သည်။

သို့သော် ချန်းယွမ်တစ်ယောက် ကြောက်လန့်မှုကြောင့် ထွက်ပြေးသွားသည့်နောက် ယွင်ချင်းသည် သွေးစွန်းနေသော သူမ၏နှုတ်ခမ်းများကို သပ်လိုက်ပြီး ပျော်ရွှင်စွာ ပြုံးလိုက်သည်။

သူဌေးကြီးရေ... မင်းရဲ့မိန်းမက သူမရဲ့တားရော့ကတ်တွေနဲ့ ထပ်ပြီးရှိနေပြန်ပြီWhere stories live. Discover now