(Unicode)
တစ္ဆေတစ်ကောင်အား အနိုင်ယူခြင်းမှာ သူမအတွက် ဒါသည် ပထမဆုံးဖြစ်သည်။ ယွင်ချင်းသည် သူမ၏လက်ဖဝါးကို ဆန့်ထုတ်၍ ကြည့်လိုက်ပြီးနောက် အနည်းငယ် အာရုံပျံ့လွင့်မှုကို ခံစားလိုက်ရသည်။
သူမမှာ တခြားသရဲတစ္ဆေများကို နှိမ်နင်းနိုင်သော စွမ်းအားရှိသည်ဟု ဟေးဒီးစ်က ပြောခဲ့သည်။ ယခု သူမက လူတစ်ယောက်လား... ဒါမှမဟုတ် တစ္စေတစ်ကောင်လား?
ကျန်းမော့သည် ယွင်ချင်း၏စစ်ဆင်ရေးတစ်ခုလုံးကို စောင့်ကြည့်ခဲ့သည်။ ပထမတော့ ယွင်ချင်း ဟန်ဆောင်နေခြင်းဖြစ်သည်ဟု သူမ တွေးနေခဲ့သည်။ နောက်ဆုံးတွင် ထူးဆန်းသော အဖြစ်အပျက်များကို ဆက်တိုက်ဆိုသလို ကြုံတွေ့လိုက်ပြီးနောက်မှသာ သူမသည် ဤကမ္ဘာပေါ်တွင် သဘာဝလွန်ဖြစ်ရပ်များ ရှိနေကြောင်း ယုံကြည်လိုက်ရသည်။
"ယွင်ချင်း... နင်... နင် အဲဒါကို ဘယ်လိုလုပ်လိုက်တာလဲ?"
ကျန်းမော့သည် သူမ၏ အားနည်းနေဆဲဖြစ်သော ခြေထောက်များကို ပွတ်သပ်လိုက်ပြီး မမေးဘဲ မနေနိုင်ခဲ့ချေ။
"ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ"
ယွင်ချင်း ဟန်ဆောင်လိုက်သည်။ သူမသည် တာအိုဘာသာ သို့မဟုတ် ဗုဒ္ဓဘာသာအကြောင်း ဘာမှမသိခဲ့ဘဲ နားဖြင့်သာ လှည့်စားနိုင်ခဲ့သောကြောင့် သူမ၏ အတွေ့အကြုံအား ရှင်းပြရန်အတွက် အကြောင်းပြချက်တစ်ခုခု မပြနိုင်ခဲ့ဘူး။
သူမသည် ထိုင်ချလိုက်ပြီး ကျိုးဟောက်၏ကိုယ်ရောင်ဝါကို စစ်ဆေးလိုက်သည်။ ၎င်း၏သက်ဝင်တက်ကြွမှုများ ပါးလျနေသော်လည်း ၎င်း၏ပတ်ဝန်းကျင်တွင် တရှိန်ထိုးတက်လာနေသည်။ ယွင်ချင်းသည် စိတ်သက်သာရာရသွားခဲ့ပြီး ကျန်းမော့အား ကြည့်လိုက်သည်။
"သူ အခု အဆင်ပြေသွားပြီ... အနားယူဖို့ နောက်မှ ဆေးရုံကို ခေါ်သွားလိုက်"
သူမ၏ချစ်သူ ကျိုးဟောက်မှာ ကြမ်းပြင်ပေါ်တွင် သတိလစ်နေဆဲဖြစ်ကြောင်း ကျန်းမော့ သတိရလိုက်မိသည်။ ချက်ချင်းပဲ သူမသည် သူ့အား ကူညီကာ နှိုးဖို့ကြိုးစားလိုက်သည်။
YOU ARE READING
သူဌေးကြီးရေ... မင်းရဲ့မိန်းမက သူမရဲ့တားရော့ကတ်တွေနဲ့ ထပ်ပြီးရှိနေပြန်ပြီ
Fantasyမကျေမချမ်းမှုများစွာနဲ့ သေဆုံးသွားခဲ့ရတဲ့ ယွင်ချင်း အခွင့်အရေးတစ်ခုကြောင့် သူမ ပြန်လည်မွေးဖွားလာခွင့်ရတဲ့အချိန်မှာ ကိုယ်ဝန်ရှိနေတဲ့သူမကို အဆောက်အဦပေါ်ကနေ အတင်းအကြပ်ခုန်ချခိုင်းပြီး သူမရဲ့အဖေနဲ့အကို ကိုပါ သတ်ပြီးတော့ မိသားစုပိုင်ဆိုင်မှုတွေကို သိမ်းယ...