၁၅။ တစ်ခုပျောက်ဆုံးနေသည်

20 4 0
                                    

(Unicode) 

ထိုဗီရိုကြီးမှာ ပျက်စီးနေသည်။ ဗီရို၏အရှေ့ဘက်ရှိ သတ္တုအဖုံးသည် ချောင်နေပြီး ထောင့်တွင် အက်ကွဲရာတစ်ခုရှိသည်။ ဤမျှ ညစ်ပတ်လှသည့် ပစ္စည်းအဟောင်းကြီးအား ဤနေရာတွင် ဘာကြောင့်ထားသည်ဆိုတာကို သံသယမဖြစ်ဖို့ ခဲယဉ်းလှသည်။

သူမ၏စွမ်းအင်ထောက်လှမ်းမှုအရ ဒီအချိန်မှာ အနီးအနားတွင် မည်သည့်တစ္ဆေသရဲမှ မရှိဘူး။ ယွင်ချင်း အသက်ပြင်းပြင်း ရှူလိုက်ကာ ဗီရိုတံခါးကို ဆွဲဖွင့်လိုက်သည်။ သေချာပေါက်ပင် ဆေးရုံဝတ်စုံ ဝတ်ဆင်ထားပြီး ခြောက်သွေ့နေသော အမျိုးသမီး အလောင်းတစ်လောင်းသည် သူမ၏ကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ပြုတ်ကျလာခဲ့သည်။

"ဟင်း!"

ယွင်ချင်း သက်ပြင်းချလိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

သို့သော် သူမ၏လက်မောင်းပေါ်တွင် ပုန်းအောင်းနေသော လောဘအိုးတစ္ဆေသည် အမျိုးသမီးအလောင်းကောင်အား အလွန်သိချင်စိတ်ပြင်းပြနေပုံရသည်။ ၎င်းသည် သူ့အလိုလို ပေါ်လာရုံသာမကဘဲ အမျိုးသမီး အလောင်းကောင်ပေါ်သို့ ခုန်ဆင်းသွားကာ ဆက်လက်၍ အနံ့ခံနေခဲ့သည်။

လောဘအိုးတစ္ဆေတွင် ရှည်လျားသော လျှာနှင့် မျက်လုံးဝိုင်းဝိုင်းကြီးများ ရှိသည်။ ယခု ထိုတစ္ဆေကောင်သည် ယွင်ချင်း၏ မကောင်းသော စွမ်းအင်များဖြင့် ကျွေးမွေးမှုကြောင့် ၎င်းသည် အခွံမပါသော သင်းခွေချပ်ငယ်လေးနှင့် တူနေသည်။

လောဘအိုးတစ္ဆေကို မြင်လိုက်ရသည့်အချိန်တွင် ယွင်ချင်းသည် ရုတ်တရက် အကြံတစ်ခု ထွက်ပေါ်လာသည်။

အဲဒါမှန်တယ်! သူမသည် ဤသရဲခြောက်သောအိမ်ကြီးမှ ပုန်းအောင်းနေသော သရဲတစ္ဆေကိုရှာဖွေရန် လောဘအိုးတစ္ဆေအား အကူအညီတောင်းနိုင်သည်။

ယွင်ချင်းသည် သရဲတစ္ဆေများ၏အနံ့ကို အာရုံခံစားလွယ်သော်လည်း သူမတွင် လူသားတစ်ဦး၏ အနံ့ခံအာရုံသာ ရှိနေသေးသည်။ အနံ့ခံရာ၌ အတော်လေး အာရုံခံစားလွယ်သည့် လောဘအိုးတစ္ဆေနှင့် သူမ မယှဉ်နိုင်ချေ။

သူဌေးကြီးရေ... မင်းရဲ့မိန်းမက သူမရဲ့တားရော့ကတ်တွေနဲ့ ထပ်ပြီးရှိနေပြန်ပြီWhere stories live. Discover now