(Unicode)
"ယွင်ချင်း... ငါတို့ကိုစောင့်ဦး..."
အဆောက်အဦအတွင်းသို့ ယွင်ချင်း ဝင်သွားတော့မည်ကို တွေ့လိုက်ရသောကြောင့် သူမ၏အနောက်တွင် ရှိနေကြသော ကျန်းမော့နှင့် ရွှီကွမ်းတို့သည် တုံ့ဆိုင်းသွားကြသည်။
"ဘာဖြစ်လို့လဲ?"
"မင်း ဘာမှပြင်ဆင်ဖို့ မလိုအပ်ဘူးလား?"
ရွှီကွမ်း တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။ ယုတ္တိဗေဒအရပြောရမည်ဆိုပါက အရင်က သူ ဖိတ်ကြားခဲ့ဖူးတဲ့ အမျိုးမျိုးသော "ဆရာသခင်"တို့သည် တစ္ဆေများကို သုတ်သင်ရန် ကိရိယာအစုံအလင်ကို သယ်ဆောင်လာကြသည်။
ပုံမှန်အဆောင်လက်ဖွဲ့များ၊ ခွေးသွေးများနှင့် နံ့သာပြာတို့အပြင် ဆရာသခင်တစ်ဦးသည် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ယူဆောင်လာကာ ၎င်းသည် ၎င်း၏မိသားစု နှစ်ရာနှင့်ချီ၍ ကိုးကွယ်ခဲ့သော ဘုရားဖြစ်ကြောင်း အခိုင်အမာ ဆိုခဲ့သည်။ သရဲတစ္ဆေများကို စားနိုင်သည်ဟုဆို၍ ကြက်တစ်ကောင် ယူလာခဲ့သူတစ်ဦးလည်း ရှိသေးသည်။ တစ္ဆေမြေမှ ဘိုးဘေးပိုင်အိမ်ကို တိုက်ရိုက်ယူဆောင်လာသူအချို့ပင် ရှိသေးပြီး ကြက်သွန်ဖြူ၊ လက်ဝါးကပ်တိုင်နှင့် စုန်းကဝေပညာစာအုပ်များ ယူဆောင်လာခဲ့သည်။ သို့သော်လည်း အတက်ပညာမျိုးစုံမှ ဆင်းသက်လာသော 'ဆရာသခင်များ' သည် ၎င်းတို့၏စွမ်းအားများကို ပြသကြသော်လည်း သရဲခြောက်သောအိမ်ကြီးအတွင်းမှ ရှုပ်ထွေးမှုများကို မဖြေရှင်းနိုင်ကြချေ။
ယခု ပတ်ဝန်းကျင်ရှိ လူအများသည် ရွှီမိသားစုမှ တည်ဆောက်ထားသော သရဲခြောက်သောအိမ်ကြီးအကြောင်း ပြောနေကြပြီဖြစ်သည်။ ညဉ့်နက်သန်းခေါင်၌ သူတို့သည် သရဲတစ္ဆေများကို မြင်နိုင်ပြီး အမျိုးသမီးများ၏ ရယ်မောသံများနှင့် ကလေးငိုသံများကို ကြားနေရသည်။ အတိုချုံးပြောရမည်ဆိုပါက ထူးဆန်းသော ကောလဟာလများ အမျိုးမျိုးထွက်ပေါ်လာခဲ့သည်။
"မလိုအပ်ဘူး... အော်... ဟုတ်သားပဲ... ကျွန်မ တစ်ယောက်တည်း သွားမယ်... ရှင်တို့နှစ်ယောက် အပြင်မှာ စောင့်နေလို့ရတယ်... မဟုတ်လည်း အိမ်ပြန်သွားလို့ရတယ်"
YOU ARE READING
သူဌေးကြီးရေ... မင်းရဲ့မိန်းမက သူမရဲ့တားရော့ကတ်တွေနဲ့ ထပ်ပြီးရှိနေပြန်ပြီ
Fantasiမကျေမချမ်းမှုများစွာနဲ့ သေဆုံးသွားခဲ့ရတဲ့ ယွင်ချင်း အခွင့်အရေးတစ်ခုကြောင့် သူမ ပြန်လည်မွေးဖွားလာခွင့်ရတဲ့အချိန်မှာ ကိုယ်ဝန်ရှိနေတဲ့သူမကို အဆောက်အဦပေါ်ကနေ အတင်းအကြပ်ခုန်ချခိုင်းပြီး သူမရဲ့အဖေနဲ့အကို ကိုပါ သတ်ပြီးတော့ မိသားစုပိုင်ဆိုင်မှုတွေကို သိမ်းယ...