Part_(1)

906 21 2
                                    

နောင်တဆိုတာမျိုးကလား?

အင်းးး လူသားတွေအတွက်အကြီးဆုံးအပြစ်ဒဏ်အဖြစ်ဘုရားသခင်ကသတ်မှတ်ထားလေသလား
အဲ့ဒီ့အချိန်တွေကိုသာ တစ်ခေါက်ပြန်ရခဲ့ရင် လူတစ်ယောက်ကိုဘယ်လိုတန်ဖိုးထားရမလဲဆိုတာ ကျုပ်ကောင်းကောင်းနားလည်ခဲ့ရင် ...

( ခင်များ ကျုပ်ဆီကအကြာကြီးမပုန်းပါနဲ့တော့လား )

>>>>>>>>>>>>>

ဒီးး ဒီးး ဒီးး

" အင်း ... "

" ရိပေါ်...ငါဗိုက်ဆာလို့ "

" ဘာစားချင်လဲဝယ်လာခဲ့ပေးမယ် .. "

" .... "

" ငါအဝတ်အစားလဲပြီးထွက်လာခဲ့မယ် "

" အိုခေ .. "

ဖုန်းချပြီးတာနှင့်ရိပေါ်အဝတ်အစားလဲခြင်းအမှုကိုအမြန်လက်စသတ်ကာကားသော့ဆွဲ၍ထွက်လာခဲ့သည် ။

အိမ်ရှေ့မှာကားရပ်သံကြားသည်နှင့်မျက်နှာထက်အပြုံးပန်းတို့ဆင်ကာအခန်းတံခါးဝမျက်နှာမူထားလိုက်သည်။

‌ဒေါက်!  ဒေါက်!  ....

ဟော ရောက်လာပါပြီ

" ဝင်ခဲ့ပါ ... "

လက်ထဲစားစရာဗန်းကိုင်ကာအခန်းထဲဝင်လာသူမှရိပေါ်ကိုအသာပြုံးပြလိုက်သည်

" ရောက်ပြီလား ရိပေါ် "

" အင်း ... မင်းဗိုက်ဆာပြီမလား လာ "

ရိပေါ် ဘေးနားရှိလူကိုစိတ်ရှည်လက်ရှည်မုန့်ခွံ့ကျွေးနေရင်းသူရဲ့စိတ်ထဲအပြစ်ရှိစိတ်တို့အလုံးအရင်းဝင်ရောက်လာသည်

ထိုလူ့နာမည်က မုန့်ယောင် ရိပေါ်ရဲ့ငယ်သူငယ်ချင်း ရိပေါ်နဲ့သက်တူရွယ်တူ
မုန့်ယောင်ကိုကြည့်ကာ ရိပေါ်သက်ပြင်းငြွေငွေ့ချလိုက်သည် မုန့်ယောင်အခုလိုဖြစ်ရတာသူ့သက်ာမကင်းဘူးမလား

" ရိပေါ် ... မင်းဖြစ်ပြန်ပြီလား  ဒါမင်းအပြစ်မဟုတ်ဘူး မင်းကြောင့်မဟုတ်ဘူး "

" ဒါပေမဲ့လည်း... "

မုန့်ယောင်ခေါင်းခါပြလိုက်သည်

" မတွေးနဲ့ ... မင်း Company သွားတော့မှာမလား "

"အင်း "

\\မုန်း၍မရသော \\Where stories live. Discover now