မနက်ခင်းအလင်းရောင်က ပြတင်းပေါက်လိုက်ကာစတွေကို ကျော်ပြီး မျက်နာကိုလာထိတော့မှ Phuwin တစ်ယောက်နိုးလာခဲ့တယ်။နိုးလာတာနဲ့ ထထိုင်မယ်လုပ်မှ ခါးအောက်ပိုင်းတစ်လျှောက်က နာကြင်မှု ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြည့်နက်နေတဲ့ အနီကွက်တွေ။ နည်းနည်းလှုပ်တာနဲ့ အောက်ပိုင်းတစ်လျှောက်ရဲ့ နာကြင်မှုက ထိန်းမရ ။
စိတ်ရှုပ်ရှုပ်နဲ့ နှုတ်ခမ်းသပ်လိုက်တော့ နှုတ်ခမ်းမှာလဲ စပ်ဖျဉ်းဖျဉ်း။စိတ်တွေ စုစည်းပြီး ဘေးကိုကြည့်တော့ သူမသိတဲ့ လူတစ်ယောက် Shit....
ဘာတွေဖြစ်ခဲ့လဲဆိုတာတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးက သက်သေမို့ ဘယ်လိုတွေဖြစ်သွားသလဲဆိုတာသာ စဉ်းစားရတော့မည်။မနေ့က သူက Fourth ခေါ်လို့ Club ကို သွားခဲ့တာ Club ရောက်တော့ Phi Forceတို့နဲ့ထိုင်နေရင်း သောက်နေသေးသည်။
ပြီးတော့သူတို့ရည်းစားတွေအကြောင်းပြောတာ နားမထောင်နိုင်တော့လို့ စကားဝိုင်းကထွက်ပြီး သွားသောက်နေရင်း သောက်ပြီးရင်းသောက်ရင်း သောက်တာတွေလိမ်သွားပုံရသည်။ကျန်တာမမှတ်မိတော့ အတင်းဖျစ်ညစ် စဉ်းစားမိကာမှ သူအိမ်သာသွားတယ် လဲကျမလိုဖြစ်တော့ သူ့ကို လာဆွဲတဲ့ လူတစ်ယောက်။ ပြီးတော့ သူတို့ နမ်းကြတယ် နမ်းပြီးတော့ ထိုလူက သူ့ကို သူ့အိမ်ကိုခေါ်လာတယ် ကျန်တဲ့ ပုံရိပ်တွေက ရှက်စရာ။
Shitသူတကယ် လုပ်ချလိုက်တာပဲ။"ဟူးးးးးးးးးးးး" သက်ပြင်းအရှည်ကြီးချပြီး အိပ်ရာပေါ်က ထပြီး ရေချိုးခန်းထဲ ဝင်ပြီး ရေအေးအေးလေးနဲ့ ရေချိုးလိုက်တယ်။ရေချိုးပြီးသူထွက်လာတော့ ကုတင်ပေါ်က လူကနိုးနေပြီ။
"အင်္ကျီတစ်ထည် ယူဝတ်မယ်နော်"
"Omm ညက ကိုယ်တို့"
"ရပါတယ် အရက်သောက်ရင်းမှားတာပဲ ပြီးတော့ ကျွန်တော်က ယောက်ျားလေးပဲ" ချီးကိုရတာဟေး first kissကြီးရော virgin ပါပေးလိုက်တာကို ရနေဟုတ်လားဆိုပြီး စိတ်ထဲကကိုယ့်ကိုယ်ကို နေဆဲလိုက်တယ်။ သူ့ဘီဒိုထဲက Hoodie အမဲတစ်ထည် sweat pantတစ်ထည် ယူဝတ်လိုက်ပြီး ပြန့်ကျဲနေတဲ့ သူ့ပစ္စည်းတွေပြန်ကောက်လိုက်ပြီး အခန်းထဲက လက်ဆောင်ထည့်တဲ့ အိတ်အလွတ်တစ်လုံး ရှာပြီး ထည့်လိုက်တယ်။သူအလုပ်သူလုပ်နေတုံး ထိုလူကို သူမကြည့်မိပါ။ကို့ယိုးကားယားနိုင်တယ်လို့ ခံစားရတယ်လေ။
YOU ARE READING
This Pretty Boy is Mine ❤️🔥(PondPhuwin) ||Complete||
FanfictionJust a short story about Pondphuwin Pondphuwin Myanmar fanfiction