ညက အိပ်လိုက်တာ စာဖတ်ခန်းထဲဆိုပေမယ့် မနက်နိုးလာတော့ အခန်းတစ်ခုရဲ့ ကုတင်ပေါ်တွင်ဖြစ်နေသည်။တစ်ကိုယ်လုံးကို ကျစ်နေအောင် အဖက်ခံထားရလို့ လှည့်ကြည့်မိတော့ ဘေးမှာအိပ်နေတဲ့လူက သူ့ကိုလွတ်သွားမှာ စိုးသည့်အလား ပို၍ပင်ဆွဲဖက်လာသည်။
"ထွက်မပြေးပါဘူး နည်းနည်းလွှတ်အုံး"
ပြောမှ ပိုလို့ပင် ကျစ်နေအောင်ဖက်လာသည်။ပြောလေကဲလေ ဆိုသူမို့ မပြောနိုင်တော့ လွှတ်ထားရပြန်သည်။အဖက်ခံထားရင်းနဲ့ ပြန်အိပ်မယ်ကြိုးစားရင်း တွေးမိတာက "ဗိုက်ဆာတယ်" ဆိုတဲ့ စကားလုံးသုံးလုံးပဲ။
"ခဏ ဖယ်အုံး ဗိုက်ဆာလို့"
"----" မလှုပ်မယှက်
"ကိုကို ဗိုက်ဆာတယ်လို့"
"---" လက်တွေ မဖြုတ်ပေမယ့် မျက်လုံးတော့ဖွင့်လာကာ ကြည့်လာသည်။
"ကိုကိုရေ ကိုကို ဗိုက်ဆာတယ်လို့ အခုထပြီး တစ်ခုခုစားဖို့ မလုပ်ရင် ကိုကို့ကို နောက်ဘယ်တော့မှ အသားချင်းထိခွင့်မပေးတော့ဘူးလို့" ဆိုမှ ထထိုင်သည်။
"ကိုကို မနက်စာ သွားပြင်ပေးမယ် အခန်းထဲမှာပဲစောင့်ပေး"ဆိုကာ ကုတင်ပေါ်ကထသွားပြီးမှ ပြန်လှည့်လာကာ
"Morning kiss လေးပေးပါအုံး "
"သွားတိုက်ပါရစေအုံး"
"သွားမတိုက်ရသေးလဲရပါတယ် ကိုကိုက မရွံတတ်ဘူးလာ" ဆိုပြီး morning kiss ယူသွားကာ ထွက်သွားပြန်တယ်။
__________
မနက်စာသွားပြင်ပေးတဲ့ လူအခန်းထဲက ထွက်သွားတာနဲ့ ရေချိုးခန်းထဲကို ဝင်ပြီး ရေချိုးဖို့လုပ်ရသည်။ရေချိုးခန်းထဲက မှန်ရှေ့ရောက်မှ ကိုယ့်ကိုကြည့်မိတော့
"အားးး Shit တစ်ကိုယ်လုံး ကိုက်ရာတွေချည်းပဲ Pond Naravit ခင်ဗျားက ခွေးလား"
ကိုယ်လုံးပေါ်က အနီရောင်အကွက်တွေကို သေချာထိကြည့်တော့လဲ မကိုက်နဲ့လေလို့ ပြောတိုင်း ကိုယ့်အပိုင်လေးမှန်းသိအောင် လုပ်ပေးတာဆိုပြီး ပြောတဲ့ လေသံချိုချိုလေးကို သတိရသွားသည်။ဟူးတွေးရင်းတောင် လွမ်းလာသလို။
YOU ARE READING
This Pretty Boy is Mine ❤️🔥(PondPhuwin) ||Complete||
FanfictionJust a short story about Pondphuwin Pondphuwin Myanmar fanfiction