"Phuwin Tang အောက်ဆင်းလာပါအုံး!!! " ဒီနေ့ မနက်ခင်းလေးကတော့ Fourth Nattawatရဲ့ ချိုသာတဲ့ အသံလေးနဲ့ အစပြု ဖြစ်ပါတယ်။
"အခုမှ ၈နာရီပဲ ရှိသေးတယ်လေ" ပန်းချီသင်တန်းက ဆယ်နာရီမှ ရှိတာကို အစောကြီးလာနှိုးနေပြန်ပြီ။
"ဒီကို လာကြည့်ပါအုံး"
"လာပြီ လာပြီ"
အိပ်ချင်မူးတူးဖြစ်နေလို့ ချော်မလဲအောင် မနည်းသတိထားပြီးဆင်းရသေးသည်။
"ဒီမှာကြည့်အုံး "
"ဟင် ဒါဘာတွေလဲ" အမလေး များလိုက်တဲ့ပန်းတွေ အပွင့်ရေ ၅၀၀လောက်ရှိမည်။နှင်းဆီပန်းတွေချည်း ဘယ်သူက စားစရာမဟုတ်ပဲ ဒါတွေဝယ်တာလဲ။
"ပန်းတွေလေ မမြင်ဘူးလား"
"မြင်တယ်လေ ဘယ်သူ့ဟာလဲလို့"
"ပန်းစည်းမှာ ရေးထားတာက Good morning Honey တဲ့"
"အာ့ဒါ ငါနဲ့ဘာဆိုင်လဲ "
"မင်းဆီလာတာလေ ငါ့ဆီလာတာမှမဟုတ်တာ"
"ငါလို့ ဘာနဲ့ကြည့်ပြောလဲ"
"လာပို့သွားတဲ့ လူက Lertrakosum အိမ်က ပို့ခိုင်းလိုက်တာလို့ပြောတယ်လေ"
"------- ဒီလောက်အများကြီး ဘာလုပ်ရမှာလဲ စားစရာမှမဟုတ်တာကို " လို့ နှုတ်ခမ်းဆူပြီးပြောမိတယ်။
"ဘာမှပြောမနေနဲ့ ပန်းတွေ သိမ်းသွား သင်တန်းမသွားခင်"
"Ai Fourth မင်း ဝိုင်းသိမ်းပေးအုံးလေ"
"မမှီတော့ဘူး ပြီးတော့ ညနေကျ ဒေါ်လေး လာမှာနော် စောစောပြန်လာ"
"Ommm" ဘာမှမပြောနိုင်တော့ပဲ ဟိုလူပို့တဲ့ ပန်းတွေကို ရှင်းရသည်။မနက်ခင်းထဲက အလုပ်ပေးနေတော့တာပဲ ဒီPond Naravitက။
__________________
"Good Morning Honey ညက အိပ်မက်လှလှမက်ရဲ့လား" အခြားတစ်ဖက်ဆီက ထွက်လာတဲ့ စကားသံခပ်သြသြက ဖုန်းထဲမှာတောင် ကြည်လင်နေသည်။
"Pond Naravit ခင်ဗျား မနက်က ဘာလို့ ပန်းတွေပို့လိုက်တာလဲ"
"Morning message ပို့တာလေ Honey "
"- - -" ရိုးရိုးပို့လဲရပါတယ် ခင်ဗျားရယ်။
"ဘာလဲ Honey က နှင်းဆီပန်း အနီမကြိုက်ဘူးလား ဒါဆို ကိုယ် ပန်းရောင် ပို့လိုက်မယ် မနက်ဖြန်ကစပြီး အဝါကတော့ ကိုယ်သိပ်မကြိုက်လို့ "
YOU ARE READING
This Pretty Boy is Mine ❤️🔥(PondPhuwin) ||Complete||
Hayran KurguJust a short story about Pondphuwin Pondphuwin Myanmar fanfiction