တစ်ပတ်ခရီးသွားပြီး ပြန်လာထဲက ပြောင်းလဲလာတဲ့လူက Pond Naravit ပါပဲ။ဘာတွေပြောင်းလဲလာသလဲလို့ မေးကြလျှင် ပြောရမှာက များသည်။
ပထမဆုံးအနေနဲ့ ပြန်လာပြီး လေယာဉ်စိုက်ထဲက သူ့အိမ်ကို ရောက်လာကာ သူဘယ်သွားသွားတကောက်ကောက် လိုက်တော့သည်။နောက်တစ်ချက်ကတော့ အလုပ်လုံးဝမသွားတာပါပဲ။သူသင်တန်းမှာ အတန်းချိန်ရှိလို့ သွားသင်မှာမို့ ကုမ္ပဏီတစ်ချက် သွားကြည့်ပါဆိုလဲ မသွား။အတန်းရှေ့မှာ သူ့ကို လာ၍ထိုင်ကြည့်နေတတ်သည်။
သင်တန်းတစ်ခုလုံးက ဆရာ၊ဆရာမတွေကအစ သင်တန်းသား သေးသေးလေး အဆုံး အခုဆို ထိုလူ့ကို မြင်တာနဲ့ တီချယ် Phu ကောင်လေးဆိုပြီး ခေါ်နေကြပြီ။သူ့ကိုလဲ ဝိုင်းစကြသည်။သူလဲ အစက ရှက်ပေမယ့် အခုတော့ နေ့တိုင်းအစခံရတာများလာလို့ သိပ်မရှက်နိုင်တော့။
"ကဲ ဒီနေ့လဲ အလုပ်မသွားဘူးလား"
"မသွားချင်ဘူး ချစ်ချစ်အနားမှာပဲနေချင်တာ "
သူ့ကို အမျိုးမျိုးခေါ်နေတဲ့ ကိစ္စကတော့ သူလဲမတတ်နိုင်တော့ ၅၈၂မျိုးလောက်ကို နာမည်ပြောင်တွေပေးပြီးခေါ်တာ သူတောင် Khun Nara ရယ် ကိုကိုရယ်ကို မနည်းကျင့်သားရအောင်ခေါ်ရပေမယ့် ဒီလူကတော့ ၅၈၂မျိုးကို အကျွမ်းတဝင်ခေါ်နေတာပါပဲ။
"အာ ကျွန်တော်က ကိုကို့ရဲ့ အလုပ်မှာ မိမိုက်နေတဲ့ ပုံစံလေး လိုက်ကြည့်ချင်တာ ကိုကို အလုပ်မသွားဘူးဆိုတော့ မကြည့်ရတော့ဘူးပေါ့"
"အာ ကိုကို့ရဲ့ ချစ်ဆုံးဘေဘီပူကြူးလေးက ကိုကိုရဲ့ အလုပ်ကို လိုက်ချင်တာဆို အလုပ်သွားရမှာပေါ့ ဒါဆို ကိုကိုပြင်ဆင်လိုက်အုံးမယ် " ဆိုပြီး တက်ကြွစွာ ထသွားတဲ့ လူကိုကြည့်ပြီး ခေါင်းခါမိသည်။
ဒီရက်တွေ Phi Joong ဆိုသူက တစ်ချိန်လုံး ဖုန်းဆက်ကာ အလုပ်တတ်ဖို့ ဖြောင်းဖျပေးဖို့ ပြောနေခဲ့တာ သူလဲကြိုးစားပေမယ့်မရ နောက်ဆုံး သူပါအလုပ်လိုက်မည်ဆိုမှ အလုပ်သွားဖို့ လုပ်တော့သည်။သူလဲ ပထမဆုံး ဒီလူ့အလုပ်လိုက်သွားမှာဆိုတော့ ပြင်ဆင်ဖို့ လုပ်ရသည်။
"သဲသဲလေး အင်္ကျီရွေးပေးပါအုံး " သူ့အိမ်သူ့ရာလို ပစ္စည်းတွေရွေ့ပြီးလာနေနေတာမို့ အိမ်မှာ ဒီလူ့ပစ္စည်းတွေအစုံရှိနေသည်။
YOU ARE READING
This Pretty Boy is Mine ❤️🔥(PondPhuwin) ||Complete||
FanficJust a short story about Pondphuwin Pondphuwin Myanmar fanfiction