အချိန်တွေကိုသာ ရပ်တန့်ထားနိုင်မယ့် အစွမ်းရှိရင် နှစ်ယောက်အတူရှိချိန်ကို ခဏရပ်တန့်ထားချင်မိသည်။
ညနေနေဝင်ချိန်အောက်မှာ ရပ်နေတဲ့ ကောင်လေးရဲ့ ခါးလေးကို ဖက်ကာ မျက်နာလေးကို ကြည့်မိတော့ ဖြတ်ပြေးသွားတဲ့ လေတွေကိုတောင် မုန်းမိအောင် လှလွန်းလို့ ဘယ်သူ့ကိုမှ ထုတ်မပြချင်လောက်အောင် ဖွက်ထားလိုက်ချင်မိတယ်။"နေဝင်ချိန်က အရမ်းလှတယ် သေချာကြည့်"
"သဘာဝတရားကြီးကလှရင်လှမှာပေါ့ ဒါပေမယ့် ကိုယ့်မျက်လုံးရှေ့က ကောင်လေးနဲ့ယှဉ်ရင်တော့ ရှုံးလိမ့်မယ်"
"ခင်ဗျားက တော်ကီကတော့ရှယ်ပဲနော်"
"ခေါ်ပြန်ပြီ ခင်ဗျား" ဟုဆိုကာ မျက်နာနုနုလေးကို ဆွဲကာ နှုတ်ခမ်းများကို နမ်းမိတော့ လူတွေရှိလို့ထင် တွန်းထုတ်လာသည်။ခါးကိုဖက်ထားတဲ့ လက်က တင်းနေအောင် ခန္ဓာကိုယ်လေးကိုဆွဲကပ်တော့ မသက်သာတဲ့ အဆုံး လက်လျှော့သွားကာ အနမ်းတွေကို တုံ့ပြန်လာသည်။ အနမ်းတွေစိတ်ကြိုက်ပေးလိုက်ပြီး မျက်စိရှေ့က ကောင်လေး အသက်ရှူသံဖျော့လာမှ လွှတ်ပေးလိုက်သည်။
"Honey နောက်ဆို အသက်ရှူလေ့ကျင့်ခန်းများများ လုပ်ထားနော်"
"ဘာလို့လဲ" မောဟိုက်နေတဲ့ကောင်လေးက အသက်ကလေးမှန်မှန်ရှူနေကာ မျက်လုံးပြူးလေးနဲ့ ပြန်ဖြေလာသည်။အော်ဆွဲနမ်းချင်စရာလေး။
"ကိုယ်က World record ကို ကျော်အောင်နမ်းတော့မှာမို့"
"ခင်. . .ကိုကိုက လုပ်စရာမရှိတော့ဘူးလား တစ်နေကုန်နမ်းပဲ နမ်းနေတော့မလို့လား"
"ဟောဒီက Honey နှုတ်ခမ်းလေးဆို တစ်နေကုန်မှမဟုတ်ဘူး တစ်သက်လုံးနမ်းနေရလဲ နေနိုင်တယ် သိလား" ဆိုပြီး အနားကို ထပ်ဆွဲကာ နှုတ်ခမ်းပါးပါးလေးကို အနမ်းတွေပို့မိတော့ မတွန်းထုတ်ပဲ အလိုက်တသိ ပြန်တုံ့ပြန်လာသည်။
"လူတွေရှိတယ်လေ ခ. . . ကိုကိုရယ်" ခင်ဗျားလို့ ခေါ်ချင်ပေမယ့် လူကြားထဲဆွဲနမ်းမှာ ကြောက်တဲ့ အကောင်ပေါက်လေးဟာ နှုတ်ခမ်းတွေကို လွှတ်ပေးလိုက်တာနဲ့ ပါးတွေရဲကာ စကားဆိုသည်။
YOU ARE READING
This Pretty Boy is Mine ❤️🔥(PondPhuwin) ||Complete||
FanficJust a short story about Pondphuwin Pondphuwin Myanmar fanfiction